spot_img
Saturday, March 7, 2026
More
    spot_img
    Homeသတင်းအဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်သည့် စစ်ကောင်စီကို အရေးယူရန် TNLA တောင်းဆို

    အဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်သည့် စစ်ကောင်စီကို အရေးယူရန် TNLA တောင်းဆို

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ နိုဝင်ဘာ ၂၀၊ ၂၀၂၃

    နိုင်ငံတကာမှ တားမြစ်ပိတ်ပင်ထားသည့် အဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီကို အိမ်နီးချင်းနိုင်ငံအပါအဝင် နိုင်ငံတကာမှ အရေးယူရန် ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က နိုဝင်ဘာ ၂၀ ရက်နေ့က တောင်းဆိုလိုက်သည်။

    နိုဝင်ဘာ ၁၈ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် စစ်ကောင်စီ၏ စခန်းသစ် လက်နက်ကြီးကုန်းအား TNLA က ရယူစိုးမိုးထားစဉ် စစ်ကောင်စီက အဆိပ်ငွေ့ ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း TNLA က ထုတ်ပြန် ပြောဆိုထားသည်။

    ထို့အတူ နိုဝင်ဘာ ၄ ရက်နေ့ကည်း လားရှိုးမြို့နယ် မိုင်းကျက်တပ်စခန်း တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က အဆိပ်ငွေ့ဗုံးကို အသုံးပြုခဲ့ကြောင်း ဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကြောင့် TNLA ရဲဘော်အချို့သည် ပုံစံတူအဆိပ်သင့်ပြီး ခန္ဓာကိုယ်တွင် ထိရှဒဏ်ရာ တစ်စုံတစ်ရာမရရှိဘဲ မူးဝေခြင်း၊ အသက်ရှုမြန်ဆန်ခြင်း၊ မအီမသာခံစားရခြင်း၊ စိတ်လှုပ်ရှား မြန်ဆန်ခြင်း၊ မောပန်းခြင်း၊ အောက်စီဂျင်ကျခြင်းများကို ပြင်းထန်စွာ ခံစားနေကြရကြောင်း ၎င်း ရဲဘော်များကို TNLA ကျန်းမာရေးဌာနက ဆေးဝါးကုသမှုပေးနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    နိုင်ငံတကာမှ တားမြစ်ပိတ်ပင်ထားသည့် ဓာတုဗေဓလက်နက်အား အသုံးပြု၍ တိုက်ခိုက်ခြင်း၊ နိုင်ငံတကာ ရာဇဝတ်မှုများ ကျူးလွန်၍ ရပ်ရွာ ပြည်သူလူထုနှင့် အိုးအိမ်များအား ပစ်မှတ်ထား တိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်နေကြောင်း TNLA က ထုတ်ပြန်သည်။

    ထို့ကြောင့် အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းများ၊ လူသားချင်းစာနာထောက်ထားသည့် အဖွဲ့အစည်းများ အနေဖြင့် မြန်မာပြည်သူလူထုများအား ဝိုင်းဝန်းစောင့်ရှောက်ပေးရန်နှင့် စစ်ရာဇဝတ်မှု၊ နိုင်ငံတကာ ရာဇဝတ်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီအား အရေးယူပေးနိုင်ရန် သတင်းထုတ်ပြန်ကြောင်း TNLA၏ တောင်းဆိုထားသည်။

    TNLA သည် ညီနောင်မဟာမိတ်များဖြစ်သော ရက္ခိုင့်တပ်တော် (ULA/AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ်မတော် (MNDAA) တို့ဖြင့် ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်လျက်ရှိပြီး စစ်ကောင်စီနှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks