Tuesday, March 31, 2026
More
    spot_img
    Homeသတင်း‌လောင်းလုံမြို့နယ်ထဲ ဝင်ရောက်လာသည့် စစ်ကြောင်း နေအိမ်များကို မီးရှို့

    ‌လောင်းလုံမြို့နယ်ထဲ ဝင်ရောက်လာသည့် စစ်ကြောင်း နေအိမ်များကို မီးရှို့

    -

    နိုဝင်ဘာလ ၁၅၊ ၂၀၂၃

    တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်က ပညစ်ကျေးရွာရှိ နေအိမ်များနှင့် ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၁၂ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်က ပညစ်ကျေးရွာထဲသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း လောင်းလုံဒေသခံတစ်ဦးက ပြောသည်။

    “ရွာထဲကို စဝင်လာတဲ့နေ့မှာပဲ နေအိမ်တွေကို မီးရှို့တာ။ နေအိမ်က ခြောက်ဆောင်၊ ဆိုင်ကယ်တစ်စီး မီးထဲပါသွားတယ်” ဟု ၎င်းက ပြောသည်။

    စစ်ကောင်စီစစ်ကြောင်းသည် နိုဝင်ဘာလ ၁၃ ရက်နေ့ နေ့လည်ပိုင်းအချိန်က ပညစ်ကျေးရွာမှ ပြန်လည်ဆုတ်ခွာသွားကြောင်း ပြန်လည်ဆုတ်ခွာချိန်တွင် နေအိမ်ရှိ အသုံးအဆောင်ပစ္စည်းများကို မြေသယ်ကားဖြင့် သယ်သွားကြောင်း ၎င်းက ဆက်ပြောသည်။

    “ရွာကဆုတ်ခွာသွားတဲ့အချိန်မှာ မြေတင်ကားတစ်စီးယူသွားတယ်။ အဲ့ကားပေါ်မှာ ရွာသားတွေရဲ့ ဆိုင်ကယ်တော်တော်များများကို သယ်သွားတာ။ အသုံးအဆောင်ပစ္စည်းတွေ ပရိဘောဂပစ္စည်းတွေပါ သယ်သွားတာ” ဟု အထက်ပါ ဒေသခံက ဆိုသည်။

    ပညစ်ကျေးရွာမှ ပြန်လည်ဆုတ်ခွာသွားသော အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းသည် လောင်းလုံမြို့နယ်၊ စစ်ပြဲကျေးရွာနှင့် ညင်းမော်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးရောက်ရှိနေသည်ဟု သိရသည်။

    စစ်ပြဲနှင့် ညင်းမော်ကျေးရွာဘက် စစ်ကြောင်းထိုးရောက်ရှိနေသည့် စစ်ကောင်စီတပ်တို့က အရပ်သားများကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့်အပြင် ဆိုင်ကယ်တွေကို ရိုက်ချိုးဖျက်ဆီးတာတွေလည်း ရှိနေသည်ဟု သိရသည်။

    ၎င်းပြင် စစ်ကြောင်းက ပစ်ခတ်မှုကြောင့် အရပ်သား ဒဏ်ရာရရှိမှုလည်းရှိနေကြောင်း အသေးစိတ်ကို မသိရှိရသေးကြောင်း ဒေသခံတို့ထံမှ သိရသည်။

    တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းဝင်ရောက်လာသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဖက်စစ်ရေးတင်းမာနေသည့်အခြေအနေရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks