spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် မီးသွေးစျေးတက်ပြီး လိုသလောက်ဝယ်မရဖြစ်နေ

    မွန်ပြည်နယ်တွင် မီးသွေးစျေးတက်ပြီး လိုသလောက်ဝယ်မရဖြစ်နေ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ နိုဝင်ဘာ ၁၄၊ ၂၀၂၃။

    မွန်ပြည်နယ်တွင် မီးသွေးစျေးတက်လာပြီး လိုသလောက်ဝယ်မရဖြစ်နေသည်ဟု မီးသွေးရောင်းဝယ်ရေးလုပ်ကိုင်နေသူနှင့် သုံးစွဲသူတို့ထံမှ သိရသည်။

    ပြည်နယ်အတွင်း မီးသွေးဖုတ်သူ နည်းလာပြီး မီးသွေးလိုသလောက်မရသဖြင့် မီးသွေးစျေးတက်လာခြင်းဖြစ်ကြောင်း မီးသွေးရောင်းဝယ်ရေး လုပ်ကိုင်နေသူတို့က ပြောသည်။

    “မီးသွေးက ရောင်းအားတော်တော်ကောင်းနေတယ်။ ဒါပေမယ့် လိုသလောက်တော့ မရနေဘူး။ သစ်တွေ စျေးကြီးသွားလို့ မီးသွေးဖုတ်သူတွေကလည်း နည်းလာတယ်။ စျေးကလည်းတက်လာနေတော့ အမတို့က ပြန်ရောင်းရတာဆိုတော့ သိပ်တွက်ခြေမကိုက်ဘူး” ဟု ရေးမြို့မှ မီးသွေးရောင်းဝယ်ရေး လုပ်ကိုင်နေသူတစ်ဦးကပြောသည်။

    မီးသွေးသည် ပြီးခဲ့သည့်နှစ်က တစ်အိတ်လျှင် ၇၀၀၀ ကျပ်ဝန်းကျင်သာရှိခဲ့ရာမှ ယခုလက်ရှိတွင် မီးသွေးတစ်အိတ် ကျပ် တစ်သောင်းကျော်အထိ စျေးမြင့်တက်လာခဲ့ကြောင်း ရောင်းဝယ်သူတို့ထံမှ သိရသည်။

    လျှပ်စစ်မီးပြတ်တောက်မှု များလားသည့်အတွက်ကြောင့်လည်း ထမင်းဟင်းချက်ပြုတ်ရာတွင် လျှပ်စစ်မီးအစား မီးသွေးအသုံးပြုလာကြသဖြင့် စျေးကွက်အတွင်း မီးသွေးဝယ်လိုအား များလာနေကြောင်း မီးသွေးရောင်းဝယ်ရေး လုပ်ကိုင်နေသူတို့က ပြောသည်။

    “မီးသွေး အသုံးပြုရတာပေါ့။ ကျမတို့လို စက်ချုပ်သမားတွေက မီးသွေးအသုံးပြုရတာ အချိန်လည်းကုန်။ အလုပ်လည်း နှောင့်နှေးတယ်။ မီး‌သွေးကလည်း အခုတော်တော်စျေးတက်လာတယ်။ တစ်အိတ် ၆၅၀၀ ကျပ်ကနေ အခုဆို သောင်းကျော်လာတယ်။ ထမင်း၊ ဟင်းချက်ဖို့ကလည်း မီးသွေးကို အသုံးပြု နေရတာ လျှပ်စစ်မီးကို လုံးဝ အားကိုးလို့မရတော့ဘူး” ဟု စက်ချုပ်အမျိုးသမီးတစ်ဦးက ပြောသည်။

    မွန်ပြည်နယ်အတွင်း မီးသွေးကို ရေး၊ သံဖြူဇရပ်၊ သထုံ၊ ကျိုက်ထို အစရှိသည့်မြို့နယ်တို့တွင် ထုတ်လုပ်ကြပြီး ပြည်နယ်နှံ့ ဖြန့်ဖြူးရောင်းချသည်ဟု မီး‌သွေးထုတ်လုပ်ရောင်းဝယ်သူတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks