Homeသတင်းမွန်ပြည်နယ်တွင် တစ်ပတ်အတွင်း ရွှေတစ်ကျပ်သား ကျပ် ၂၀၀၀၀ ခန့် ဈေးတက်

မွန်ပြည်နယ်တွင် တစ်ပတ်အတွင်း ရွှေတစ်ကျပ်သား ကျပ် ၂၀၀၀၀ ခန့် ဈေးတက်

-

လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ နိုဝင်ဘာ ၃ ၊၂၃။

မွန်ပြည်နယ် ရွှေဈေးကွက်တွင် တစ်ပတ်အတွင်း အခေါက်ရွှေဈေး တစ်ကျပ်သား ကျပ် ၂၀၀၀၀ ခန့်အထိ မြင့်တတ်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

မီးလင်းအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၃၄၄၀၀၀၀ (သုံးဆယ်လေးသိန်း လေးသောင်း) ဖြင့် ဈေးငြိမ်နေခဲ့ရာမှ နိုဝင်ဘာ ၂ ရက်နေ့မှ စပြီး အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် ကျပ် ၃၄၆၀၀၀၀ (သုံးဆယ်လေးသိန်း ခြောက်သောင်း) ဝန်းကျင်အထိ ပေါက်ဈေး ပြန်လည်မြင့်တက်လာခဲ့သည်ဟု ရွှေအရောင်းအဝယ်သူထံမှ သိရသည်။

“ မီးလင်းက ဈေးကျပြီးတော့ ပြန်တက်လာတယ်၊အဲလိုပဲ ဈေးကစားနေကြတယ် အခုက ဈေးပြန်တ်တက်လာခဲ့တာပေါ့။ ဒီနေ့ပဲ နှစ်သောင်းဝန်းကျင် ထပ်တက်လာတယ် ဟု ရေးမြို့နယ် ရွှေရောင်းဝယ်သူ ဒေါ်ချိုချိုက ပြောသည်။

ကမ္ဘာ့ရွှေဈေး မြင့်တတ်လာသည့်အတွက် ပြည်တွင်းရွှေဈေး မြင့်တတ်လာခဲ့သည်ဟု မွန်ပြည်နယ် ရွှေကုန်သည်များအသင်းထံမှ သိရသည်။

“ရွှေဈေးနှုန်းကတော့ ကမ္ဘာ့ရွှေဈေးတက်လို့ နည်းနည်းတက်သွားတယ် နိုင်ငံရေးပရိယာယ်ကြောင့်လည်း ပါတာပေါ့ တိုက်ပွဲဖြစ်ရင် ရွှေဈေးတက်လာတယ်

အဲလိုပဲ ရွှေဈေးကွက်မှာ တတ်လိုက်ဆင်းလိုက် ဈေးနှုန်း မတည်ငြိမ်ဘူး” ဟု မွန်ပြည်နယ် ရွှေကုန်သည်များအသင်း ဦးအောင်က ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်နေ့က ကမ္ဘာ့ရွှေဈေး ရွှေတစ်အောင်စလျှင် ၁၉၆၀ ဒေါ်လာရှိရာကနေ လက်ရှိ ကမ္ဘာ့ရွှေအဖွင့်ဈေးမှာ ရွှေတစ်အောင်စလျှင် ၁၉၈၄ ဒေါ်လာရှိနေသည်။

မွန်ပြည်နယ်အတွင်း ရွှေဈေးမြင့်တတ်လာချိန်တွင် ရွှေအရောင်းအဝယ် သိသိသာသာ အေးနေပြီး ပလက်တီနမ်များကိုသာ ဝယ်ယူသူများပြားလာသည်ဟု ရွှေအရောင်းအဝယ်ပြုလုပ်နေသူထံမှ သိရသည်။

“ရေးမြို့နယ်ဘက်မှတော့ ဘယ်သူမှ ရွှေဝယ်မနိုင်ကြဘူး ကွမ်းသီးတစ်ပိဿာရောင်းမှ ကြက်သွန်တစ်ပိသာတောင် မရဘူးဆိုတော့ ဒီနယ်ဘက်မှာ ရွှေဝယ်တဲ့လူ မရှိသလောက်ရှားလာတယ် အရောင်းအဝယ်ကောင်းတယ်ဆိုလို့ ပလက်တီနမ်လောက်ပဲ နည်းနည်းပါးပါး ရောင်းနေရတယ်”ဟု ရေးမြို့နယ် ရွှေအရောင်းဝယ်သူက ဆိုသည်။

မွန်ပြည်နယ် ရွှေဈေးကွက်တွင် ထိုင်းဘတ်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၃၁၅၀၀၀၀ ပေါက်ဈေးရှိပြီး ပလက်တီနမ်ဈေးနှုန်းက ၂၀၀၀၀၀ (၂ သိန်း) ဝန်းကျင်သာရှိသည်ဟု အထက်ပါ ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးက ဆက်ပြောသည်။

ပြည်တွင်းရွှေဈေးသည် စစ်တပ်အာဏာသိမ်းပြီးနောက် ဆက်တိုက်မြင့်တက်လာခဲ့ပြီး ရွှေတစ်ကျပ်သားကို ကျပ် ၃၅ သိန်းအထိ စံချိန်တင် မြင့်တက်ခဲ့ဖူးသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts