spot_img
Saturday, January 24, 2026
More
    spot_img
    Homeသတင်းဖမ်းဆီးခံရသည့် ပေါင်ဒေသခံ ၂ဦး ကို ထောင်ဒဏ် ၅နှစ်ချမှတ်ခံရ

    ဖမ်းဆီးခံရသည့် ပေါင်ဒေသခံ ၂ဦး ကို ထောင်ဒဏ် ၅နှစ်ချမှတ်ခံရ

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ နိုဝင်ဘာ ၁ ၊ ၂၀၂၃။

    မွန်ပြည်နယ် ၊ပေါင်မြို့နယ်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် ဖမ်းဆီးခံထားရသည့် ဥတ္တံတားရွာသား ၂ ဦးကို စစ်ကောင်စီက ယမန်နေ့ အောက်တိုဘာ ၃၁ ရက်နေ့မှာ ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်သည်ဟု ဒေသခံများထံမှ သိရသည်။

    ဒေသခံ နှစ်ဦးကို ပေါင်မြို့မ နယ်ထိန်းရဲတပ်သား ကိုကိုလွင်ဆိုသူအား ပစ်သတ်ခံရမှုနှင့် ဆက်စပ်သည်ဟု ဆိုကာ စွပ်စွဲခံရပြီး လူမှုကွန်ရက်စာမျက်နှာပေါ် နိုင်ငံရေးလှုံ့ဆော်သည့်စာ ရေးသားဖြန့်ဝေသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

    ပေါင်မြို့မရဲစခန်းမှ နယ်ထိန်းရဲတပ်သား ပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး စွပ်စွဲခံရသူမှာ ပေါင်မြို့နယ် ဥတ္တံတားကျေးရွာနေ ဦးစိုးမိုးအောင်ကို စစ်ကောင်စီတို့က စက်တင်ဘာ ၄ ရက်နေ့ နံနက်ပိုင်းက နေအိမ်တွင် လာရောက်ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် အမှုဖွင့်တရားစွဲခံထားရသည်။

    မွန်ပြည်နယ် ပေါင်မြို့ နယ်တွင် ဖမ်းဆီးမှုမှာ ဆက်တိုက်ဖြစ်ပေါ်နေသည်။ (Photo: HURFOM)

    ကျန်ဥတ္တံတားရွာသားတစ်ဦးကို ပေါင်မြို့မရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးပြီးနောက် လူမှုကွန်ရက်ပေါ် တော်လှန်ရေးသတင်းများ မျှဝေခဲ့သည်ဟု ဆိုပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)ဖြင့် အမှုဖွင့်ခံရသည်။

    အဆိုပါ ဦးစိုးမိုးအောင် အပါဝင် ဒေသခံ အမျိုးသား နှစ်ဦးကို အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ဖြင့် ပေါင်မြို့မ ရဲစခန်းတွင် အမှု ရင်ဆိုင်နေစဉ်မှာလည်း ဖိနိုပ်ခြိမ်းခြောက်မှုများ ရှိခဲ့ပြီး လက်ရှိတွင် သထုံအကျဉ်းထောင်တွင် ထောင်ဒဏ် ၅နှစ် အမိန့်ချခံထားရကြောင်း သိရသည်။

    အလားတူ ပေါင်မြို့နယ် ဥတ္တံတားကျေးရွာမှ စောရာဇာမင်း ၊အောင်မင်းထွေး ၊ချစ်သူပိုင်၊ကျွဲခြံကျေးရွာမှ မအေးနီနီအောင်တို့ ၄ဦးကို လူမှုကွန်ရက်စာမျက်နှာပေါ် နိုင်ငံတော်အကြီးအကဲများအား အကြည်ညှိပျက်စေမည့် စာသားများ ရေးသားဖြန့်ဝေသည်ဆိုပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)ဖြင့် ဖမ်းဆီးအမှုဖွင့်ခဲ့သူကိုလည်း အောင်တိုဘာ ၂၇ ရက်နေ့က ထောင်ဒဏ် အမိန့်ချမှတ်ခံထားရကြောင်း သိရသည်။

    “ မနေ့က အကြမ်းဖက်ဥပဒေပုဒ်မ ၅၂ နဲ့ တရားစွဲခံရတဲ့ လူနှစ်ယောက်ကို တစ်ယောက်ထောင်ဒဏ် ၅နှစ်စီ အမိန့်ချခံရတယ်။ ကျန်တဲ့ ပုဒ်မ ၅၀ နဲ့ တရားစွဲထားခံထားရတဲ့ သူတွေကို အမိန့်မချရသေးဘူး။ ရာဇသတ်ကြီး အကြမ်းဖက်ဥပဒေ ပုဒ်မ (၅၀၅) နဲ့ တရားစွဲခံရတဲ့ လူ ၄ယောက်ကိုတော့ ပြီးခဲ့တဲ့ သောကြာနေ့က ထောင်ဒဏ် အမိန့်ချခံရတယ်” ဟု တပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    ပေါင်မြို့နယ်အတွင်း အကြမ်းဖက် ဥပဒေ ပုဒ်မ တရားစွဲခံရသူများကို ထောင်ဒဏ်အမိန့်ချမှတ်ခံရပြီး ပေါင်မြို့မ ရဲစခန်းမှ သထုံအကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

    စစ်ကောင်စီက လူမှုကွန်ယက်တွင် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း ၊ခြိမ်းခြောက်ခြင်းများ ပြုလုပ်ပါက ဥပဒေပုဒ်မ ၅၂ (က) ၊ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က) ၊ ပုဒ်မ ၅၀၅ (က) ၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည်ဟု ၂၀၂၂ ခုနှစ် ၊ဇန်နဝါရီလ ၂၅ ရက်နေ့က ထုတ်ပြန်ထားသည်။

    နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ အောက်တိုဘာ ၃၁ ရက်နေ့အထိ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်မှာ ဖမ်းဆီးခံရသူ (၈၀၀) ကျော်ရှိပြီး (၂၀၀) ကျော် ပြန်လည်လွတ်မြောက်လာခဲ့ပြီးဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts