spot_img
Saturday, March 7, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ် ကျိုက်နဲရေလယ်ဘုရားပွဲ ကျင်းပသွားမည်မဟုတ်

    သံဖြူဇရပ် ကျိုက်နဲရေလယ်ဘုရားပွဲ ကျင်းပသွားမည်မဟုတ်

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ နိုဝင်ဘာလ ၁၊ ၂၀၂၃။

    မွန်ပြည်နယ်၊ သံဖြုဇရပ်မြို့နယ်၊ အံခဲကျေးရွာနှင့် ဝဲကလောင်ကျေးရွာကြား ပင်လယ်ပြင်ရှိ ကျိုက်နဲရေလယ်ဘုရားပွဲတော်ကို ယခုနှစ်တွင် ကျင်းပသွားမည်မဟုတ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

    ပင်လယ်ပြင်ရှိ ကျိုက်နဲရေလယ်ဘုရားပွဲတော်ကို နှစ်စဥ◌် တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်နေ့ညမှ ၃ ရက်နေ့နံနက်ပိုင်းအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည်။

    ယခုနှစ်မှာတော့ လုံခြုံရေးအခြေအနေကြောင့် ဘုရားပွဲလာပြည်သူများအား လုံခြုံရေးအပြည့်အဝမပေးနိုင်သည့်အခြေအနေကြောင့် ဘုရားပွဲတော်ကို ကျင်းပတော့မည်မဟုတ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

    “ရှင်းရှင်းပြောရရင်တော့ လုံခြုံရေးကြောင့်ပဲ ပွဲတော်မလုပ်ဖြစ်တာ။ အချို့နေရာတွေက မငြိမ်းချမ်းနေဘူးလေ။ အဲဒါကြောင်းပါ” ဟု ဘုရားဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။

    ဘုရားပွဲတော်ကို ပျော်ပွဲရွှင်ပွဲများဖြင့် ကျင်းပသွားရန်မရှိသော်လည်း အစဉ်အလာကို ထိန်းသိမ်းသည့်အနေဖြင့် ပါဌာန်းရွတ်ဖတ်ပူဇော်ခြင်းနှင့် ဘုရားဆွမ်းကပ်ခြင်းအစီအစဥ◌်ကိုတော့ တန်ဆောင်မုန်လဆန်း ၁၄ နှင့် ၁၅ ရက်နေ့တို့တွင် ကျင်းပပြုလုပ်သွားမည်ဟု ဂေါပကအဖွဲ့ထံမှ သိရသည်။

    ဘုရားဂေါပက ဥက္ကဌ ဆရာတော်က “အဓိကကတော့ ရိုးရာမပျက်အောင် ပါဌာန်းရွတ်တာ၊ ဘုရားဆွမ်းကပ်တာ အဲ့လောက်ပဲရှိတယ်” ဟု မိန့်သည်။

    ကျိုက်နဲရေလယ်ဘုရားသည် ဘုရားပွဲတော်ရက်တွင် ပေါ်လာတက်သည့် ကျောက်ခင်းလမ်း (ဒေသအခေါ် နတ်လမ်း) ကြောင့် မွန်ပြည်နယ်အတွင်းသာမက အနယ်နယ်အရပ်ရပ်ထိပါ နာမည်ကျော်ကြား လူသိများခဲ့ပြီး ဘုရားပွဲရက်တွင် ဘုရားဖူးသောင်းနှင့်ချီ လာရောက်ဖူးမျှော်လေ့ရှိသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ကိုဗစ်ရောဂါဖြစ်ပွားပြီးနောက် ကျိုက်နဲရေလယ်ဘုရားပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်းမရှိခဲ့ကြောင်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က ဘုရားပွဲတော်ကို စည်ကားစွာ ပြန်လည်ကျင်းပလာခဲ့ကြောင်း သိရသည်။

    ဘုရားပွဲတော် စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ပင်လယ်ပြင်ရှိ ကျိုက်နဲဘုရား သွားဖူးရန် ပေါ်လာသည့် ကျောက်ခင်းလမ်း (ဒေသအခေါ် နတ်လမ်း) ပေါ် လမ်းလျှောက်သွားရင်း ပင်လယ်ရေလှိုင်းရိုတ်ခတ်ခြင်းကြောင်း အနယ်နယ်အရပ်ရပ်က ဘုရားဖူးများ ရေထဲမျော်ပါနစ်မြုပ်ပြီး ဘုရားဖူး ၂၀ ဦးထက်မနည်း သေဆုံးခဲ့သည့်ဖြစ်စဥ◌်ဖြစ်ပွားခဲ့သေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks