spot_img
Saturday, March 7, 2026
More
    spot_img
    Homeသတင်းမရမ်းချောင်စစ်ဆေးရေးဂိတ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ရှစ်သိန်းကျော်ဖမ်းမိ

    မရမ်းချောင်စစ်ဆေးရေးဂိတ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ရှစ်သိန်းကျော်ဖမ်းမိ

    -

    နိုဝင်ဘာ ၁၊ ၂၀၂၃

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ မရမ်းချောင်စစ်ဆေးရေးဂိတ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ရှစ်သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

    မရမ်းချောင်စစ်ဆေးရေးဂိတ်တွင် အောက်တိုဘာလ (၃၀) ရက်နေ့က မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်စဥ် ပဲခူးဘက်မှ မြဝတီဘက်သို့ မောင်းနှင်လာသည့် ၁၂ ဘီးယာဥ်တစ်စီးကို တားဆီးစစ်ဆေးခဲ့သည်။

    ထိုသို့ စစ်ဆေးရာ ၁၂ ဘီးယာဥ်ပေါ်တွင် ဆာလာအိတ်များဖြင့် ထည့်ထားသည့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၈၁၀၀၀၀ ပြားကို ရှာဖွေ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

    အဆိုပါဖြစ်စဥ◌်နှင့် ပတ်သက်ပြီး ယာဥ်မောင်း အမျိုးသားကို ကျိုက်ထိုမြို့မရဲစခန်းတွင် မယ (ပ) ၁၇/ ၂၀၂၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

    ယင်းနောက် ဆက်စပ်တရားခံများ ဖမ်းဆီးရမိနိုင်ရေးအတွက်လည်း သက်ဆိုင်ရာက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

    မရမ်းချောင်စစ်ဆေးရေးဂိတ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ဖမ်းဆီးရမိသည့်ဖြစ်စဥ◌် မကြာခဏဖြစ်ပွားလေ့ရှိကြောင်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုများပြားလာကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks