Homeသတင်းပေါင်တွင် အမျိုးသားတစ်ဦး တရားမဝင်လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

ပေါင်တွင် အမျိုးသားတစ်ဦး တရားမဝင်လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီ

အောက်တိုဘာ ၃၁ ရက်၊ ၂၀၂၃

မွန်ပြည်နယ် ၊ပေါင်မြို့နယ် ၊ ကျွဲခြံကျေးရွာရှိ စည်ပင်ဂိတ်အနီးတွင် အောက်တိုဘာ ၂၈ရက်နေ့ နံနက် ၇ နာရီခွဲအချိန်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ တရားမဝင် လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသည်ဟု အမျိုးသားတစ်ဦးအား ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျွဲခြံကျေးရွာ စည်ပင်ဂိတ်အနီးရှိ မော်လမြိုင် – ရန်ကုန် ကားလမ်းမပေါ်တွင် လုံခြုံရေးစစ်ဆေးဆောင်ရွက်နေစဉ် မော်လမြိုင်မှ သထုံဘက်သို့ မောင်းနင်းလာသည့် ၆၀ယ/၄၇၆၇၀ wave -s 125 အမျိုးစား ဖြူမဲရောင် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ရာမှ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခြင်း ဖြစ်သည်။

“ဂိတ်မှာစစ်တော့ သေနတ်ပြုတ်ကျလို့မိသွားတယ် သူက မူဆလင် မော်လမြိုင်သားဖြစ်တယ် ပေါင်မြို့မှာ ဗုံးချချနေသူလည်းဖြစ်တယ် သထုံဝင်းစိန်ရွာဘက်မှာ အဖွဲ့နဲ့လှုပ်ရှားနေသူလည်းဖြစ်တယ် သူစစ်ခံချက်အရ တပ်က သထုံဘက်ကို သွားဝိုင်းကြတယ် အကုန်လုံး လွတ်ကုန်တယ်”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးခံရသူ အမျိုးသားမှာ အသက် ၂၁နှစ်အရွယ်ရှိ ဦးထွန်းနိုင်ဆိုသူဖြစ်ပြီး မော်လမြိုင်မြို့တွင်နေထိုင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။

ဦးထွန်းနိုင်၏ ခါးတွင် USA နိုင်ငံထုတ် 9 MM ပစ္စတို၁လက် ၊ဆိုင်ကယ်ဘောက်ထဲတွင် ချည်အိမ် ၂ခု ၊ကျည် ၂၉ထောင့် ၊Redmi Note 9မိုးပြာရောင်တစ်လုံးနှင့် ဖုန်းပျက်တစ်လုံးပါ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီက ဦးထွန်းနိုင်အား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိကြောင့် ပေါင်မြို့မ ရဲစခန်းတွင် စုံစမ်း စစ်ဆေးမှု ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ ပေါင်မြို့နယ်တွင် ပြီးခဲ့သည့် သြဂုတ်လက ကျွဲခြံကျေးရွာ စည်ပင်ဂိတ်အနီးတွင် ဥတ္တံတားရွာသားနှစ်ဦးဖြစ်သူကိုလည်း စစ်ကောင်စီက လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးခံခဲ့ရပြီး အကြမ်းဖက်ဥပဒေပုဒ်မ ၅၀ (ည) အမှုဖွင့် တရားစွဲထားကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts