spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းတနင်္သာရီတွင် ဆန်ကို အကန့်အသတ်နှင့် ဝယ်နေရ

    တနင်္သာရီတွင် ဆန်ကို အကန့်အသတ်နှင့် ဝယ်နေရ

    -

    အောက်တိုဘာ ၃၁၊ ၂၀၂၃

    စစ်ကောင်စီတပ်တို့၏ ပိတ်ဆို့ကန့်သတ်မှုများကြောင့် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆန်အခက်အခဲရှိလာနေကြောင်း ဒေသခံတို့က ပြောသည်။

    တနင်္သာရီမြို့နယ်ထဲရှိ ကျေးရွာအများစုတို့တွင် ဆန်သယ်ယူခွင့်ကန့်သတ်ခံနေရသည့်အတွက် ဆန်သယ်ခွင့်ရသည့်အပေါ်မူတည်ပြီး ဆန်ဆိုင်တို့က အကန့်အသတ်ဖြင့် ဆန်များရောင်းပေးနေရကြောင်း ဆိုသည်။

    ညောင်ပင်ကွင်းကျေးရွာအုပ်စုနှင့် တနင်္သာရီမြို့တို့သည် ၇ မိုင်ခန့်ဝေးပြီး အလယ်တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်နှစ်ခုကို ဖြတ်ရကြောင်း၊ ထိုကြောင့် ဆန်ဆိုင်များအနေဖြင့် ဆန်ဝယ်ယူရခက်ခဲနေပြီး ယခုလို အကန့်အသတ်ဖြင့် ရောင်းပေးနေရခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

    “ဂိတ်တွေမှာ ဆန်ကို တစ်အိတ်ထက်ပိုသယ်ခွင့်မပေးဘူး။ ကားတွေလည်းမရဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

    အကန့်အသတ်ဖြင့် ဆန်များ သယ်ယူနေရသည့်အတွက် ဒေသတွင်း ဆန်စျေးမြင့်တက်လာကြောင်း ဒေသခံအများစု စားသုံးနေကြသည့် အိုကေနီတံဆိပ် ဆန်ကြမ်း ၁ ပြည်လျှင် ကျပ် ၄၃၀၀ ဝန်းကျင်ဖြင့် ဝယ်ယူနေရကြောင်း ဒေသခံတို့က ပြောသည်။

    တနင်္သာရီမြို့ပေါ်တွင် အိုကေနီတံဆိပ်ဆန်ကြမ်း ၂၄ ပြည် တစ်အိတ် ကျပ် ၇၀,၀၀၀ ဝန်းကျင်ရှိနေပြီး ညောင်ပင်ကွင်းကျေးရွာအုပ်စုအတွင်းမှာတော့ တစ်အိတ် ကျပ် ၉၀,၀၀၀ ဝန်းကျင် ပေါက်စျေးရှိနေသည်။

    မိုးစပါးထွက်သည့် နိုဝင်ဘာလအတွင်းမှာလည်း ယခုလိုဆန်ပြတ်လပ်မှုပြဿနာကိုဖြေရှင်းနိုင်မည် မဟုတ်ကြောင်း၊ စစ်ကောင်စီတပ်တို့က ဆန်သယ်ယူခွင့်ပိတ်ဆို့ကန့်သတ်ထားသရွေ့ ဆန်စျေးတက်ခြင်းနှင့် ဆန်ပြတ်လပ်ခြင်းပြဿနာကို ပြည်သူများ ဆက်လက်ကြုံတွေ့နေရမည်ဟု ဒေသခံတို့က ပြောသည်။

    စစ်အုပ်ချုပ်ရေးကြေညာထားသည့် တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲ မကြာခဏဖြစ်ပွားလေ့ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks