spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းဝယ်လိုအားမရှိတော့လို့ မွန်ပြည်နယ်အတွင်းက ရက်ကန်းခတ်လွယ်အိတ် ခတ်သူ နည်းပါးလာ

    ဝယ်လိုအားမရှိတော့လို့ မွန်ပြည်နယ်အတွင်းက ရက်ကန်းခတ်လွယ်အိတ် ခတ်သူ နည်းပါးလာ

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊

    အောက်တိုဘာလ-၂၄၊ ၂၀၂၃

    မွန်ပြည်နယ်အတွင်း လက်ရက်ကန်းခတ် လွယ်အိတ်များဝယ်သူနည်းပါးလာသည့်အတွက် လွယ်အိတ်ခတ်လုပ်သူလည်း နည်းပါးလာသည်ဟု ရက်ကန်းလုပ်ငန်း လုပ်ကိုင်နေသူတို့ထံမှ သိရသည်။

    မွန်ရိုးရာအထည်၊ ကရင်ရိုးရာအထည်၊ လွယ်အိတ်၊ စောင်တို့ကို မွန်ပြည်နယ်အတွင်းရှိ မုဒုံ၊ မော်လမြိုင်၊ ကျိုက်ထိုမြို့နယ်တို့တွင် အများဆုံး ခတ်လုပ်ကြပြီး ယခုနောက်ပိုင်းတွင် လက်ရက်ကန်းခတ် လွယ်အိတ်များ ဝယ်ယူသူ နည်းပါးလာသည်ဟု ဆိုသည်။

    မုဒုံမြို့နယ်၊ ကမာဝက်မြို့မှ လွယ်အိတ်ခတ်သူတစ်ဦးက “ရက်ကန်းက ခတ်တဲ့ လွယ်အိတ်တွေက အဓိကကတော့ ကျောင်းသားတွေပဲ လွယ်ကြတာများတယ်။ အခုက ကျောင်းသားတွေက လွယ်အိတ်အစား ကျောပိုးအိတ်တွေပဲ သုံးကြတော့ ဒီရက်ကန်းက ခတ်တဲ့ လွယ်အိတ်တွေ မဝယ်ကြတော့ဘူး” ဟု ၎င်းက ပြောသည်။

    လက်ရှိတွင် ရက်ကန်းရုံးများက ဝယ်လိုအားမရှိသလောက်ဖြစ်သွားသည့်လွယ်အိတ်ကို အနည်းအကျဥ်းသာ ခတ်ကြတော့ကြောင်း အဓိက မွန်ရိုးရာအထည်၊ ကရင်ရိုးရာအထည်များကိုသာ ခတ်ကြတော့ကြောင်း မုဒုံမြို့နယ်၊ နှိုင်လှုံကျေးရွာမှ ရက်ကန်းရုံပိုင်ရှင်တစ်ဦးက ပြောသည်။

    “အခုက ရက်ကန်းလုပ်တဲ့သူတွေလည်း နည်းလာတယ်။ ချည်တွေကလည်း စျေးကြီးတယ်။

    အခုဆိုရင် ရက်ကန်းလုပ်တဲ့လူတွေက ၄၀ ရာခိုင်နှုန်းလောက်ပဲ ရှိတော့တယ်” ဟု ၎င်းရက်ကန်းပိုင်ရှင်က ပြောသည်။

    လက်ရှိတွင် လက်ရက်ကန်းဖြင့် လွယ်အိတ်ခတ်သည့်လုပ်ငန်းကို လူကြီးပိုင်းလောက်သာ လုပ်ကိုင်နေကြပြီး လူငယ်များ စိတ်ဝင်စားမှုမရှိတော့သည့်အတွက် နောက်ပိုင်း ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေသည်ဟု ရက်ကန်းလုပ်ငန်းလုပ်ကိုင်သူတို့က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks