Sunday, March 29, 2026
More
    spot_img
    Homeသတင်းသထုံတွင် ဘုရားဖူးယာဥ် မိုးဆွဲတိုက်ခိုက်ခံရပြီး နှစ်ဦး ဒဏ်ရာရ

    သထုံတွင် ဘုရားဖူးယာဥ် မိုးဆွဲတိုက်ခိုက်ခံရပြီး နှစ်ဦး ဒဏ်ရာရ

    -

    သထုံတွင် ဘုရားဖူးယာဥ် မိုးဆွဲတိုက်ခိုက်ခံရပြီး နှစ်ဦး ဒဏ်ရာရ

    အောက်တိုဘာ ၂၃၊ ၂၀၂၃

    မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု ကမာစိုင်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းက ဘုရားဖူးမော်တော်ယာဥ◌် တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

    ယနေ့ နံနက် ၆ နာရီကျော်အချိန်ခန့်က ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၃၂/၅) နှင့် (၁၃၂/၆) ကြားတွင် ဘုရားဖူးယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ယာဉ်မောင်းဖြစ်သူ ဦးဝဏ္ဏကျော်နှင့် ယာဉ်ပေါ်လိုက်ပါလာသည့် မထက်ထက်အောင်ဆိုသည့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

    မိုင်းပေါက်ကွဲမှုကြောင့် ယာဉ်မောင်းဖြစ်သူ ဦးဝဏ္ဏကျော်တွင် ဘယ်ဘက်မေးရိုးနှင့် လည်ပင်း မိုင်းစဖောက်ဝင်ဒဏ်ရာဖြင့် စိုးရိမ်ရသည့်အခြေအနေရှိကြောင်း၊ မထက်ထက်အောင်တွင် ဦးခေါင်း မိုင်းစရှပ်မှန်ဒဏ်ရာ၊ ဦးခေါင်းဖူးရောင်ဒဏ်ရာရရှိခဲ့ကြသည်ဟု သိရသည်။

    ထိခိုက်ဒဏ်ရာ ရသူနှစ်ဦးကို လူမှုကယ်ဆယ်ရေးအဖွဲ့တို့မှ သိမ်ဆိပ်တိုက်နယ်ဆေးရုံ ထိုမှတဆင့် သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

    “မိုင်းထိသွားတဲ့သူ နှစ်ယောက်က ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ကလို့ သိရတယ်။ မိုင်းက တော်တော်ကြီးမယ်ထင်တယ်။ မိုင်းပေါက်တဲ့နေရမှာ ချိုင့်အကြီးကြီးဖြစ်သွားတယ်။ အသက်မသေကြလို့တော်သေးတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။

    မိုင်းဆွဲခံရမှုကြောင့် မော်တော်ယာဉ်လည်း ရှေ့လေကာမှန်ကွဲ၊ ဘေးဘက်ကားဘော်ဒီနှင့် အမိုး၊ မိုင်းကိုင်းများ ပေါက်ထွက်ပျက်ဆီးခဲ့ကြောင်း ဒေသခံတို့၏ ပြောကြားချက်များအရ သိရသည်။

    မွန်ပြည်နယ် ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်များအတွင်း ရန်ကုန်-မော်လမြိုင်ကားလမ်းတလျှောက်တွင် ခရီးသွားကားများ၊ ဘုရားဖူးကားများ၊ လူမှုကယ်ဆယ်ရေးကား ပစ်ခတ်ခံရသည့်ဖြစ်စဥ◌်၊ မိုင်းဆွဲတိုက်ခိုက်ခံရသည့်ဖြစ်စဥ◌် မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

    ခရီးသွားကားများ၊ ဘုရားဖူးကားများ၊ လူမှုကယ်ဆယ်ရေးကား ပစ်ခတ်ခံရသည့်ဖြစ်စဥ◌်၊ မိုင်းဆွဲတိုက်ခိုက်ခံရသည့်ဖြစ်စဥ◌် ကြောင်း ခရီးသွားနှင့် အရပ်သား ထိခိုက်သေဆုံးမှုလည်းရှိနေသည့်အတွက် ပြည်သူများ အထူးသတိထားပြီး သွားလာကြရန် ဒေသခံတို့က တိုက်တွန်းပြောဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks