spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းစပါးခင်းပျက်သွားသည့် လယ်သမားများ ချေးငွေအချိန်မီပြန်ဆပ်ရန် အခက်ကြုံ

    စပါးခင်းပျက်သွားသည့် လယ်သမားများ ချေးငွေအချိန်မီပြန်ဆပ်ရန် အခက်ကြုံ

    -

    ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်းက ရေကြီးနစ်မြှုပ်မှုကြောင့် စပါးခင်းပျက်စီးသွားသည့် တောင်သူလယ်သမားများ မိုးစပါးချေးငွေ အချိန်မီပြန်ဆပ်ရန် အခက်အခဲကြုံတွေ့နေကြရသည်ဟု လယ်သမားတို့ထံမှ သိရသည်။

    ရေကြီးနစ်မြုပ်မှုကြောင့် ပဲခူးတွင် ရိတ်သိမ်းခါနီး စပါးဧကသောင်းနှင့်ချီ ပျက်စီးသွားသည့်အတွက်တောင်သူများ စပါးစိုက်ဧက အနည်းအများအပေါ်မူတည်ပြီး သိန်းဆယ်ဂဏန်းကနေ ရာဂဏန်းအထိ ဆုံးရှုံးမှုရှိသည်။

    “တချို့က လုံးဝပျက်စီးသွားတယ်။ ဧက ၃၀/၄၀ နီးပါး စိုက်ပျိုးထားကြတဲ့လယ်တွေကတော့ ချေးငွေ အချိန်မီ ဆပ်နိုင်ဖို့က အခက်အခဲအများကြီးရှိတာပေါ့။ ရာနှုန်းပြည့်ပျက်စီးသွားတဲ့လယ်တွေအတွက်က ရင်းနှီးထားရတဲ့ အရင်းအနှီးတွေက မနည်းဘူး။ စပါးထွက်ခါနီးမှ အခုလိုဖြစ်သွားတယ်လေ။ချေးငွေကတော့ အချိန်တန်ရင် ပြန်ဆပ်ရမှာပဲ ဒါပေမယ့် အချိန်ဆွဲပေးရင်‌ လယ်သမားတွေ နည်းနည်းသက်သာတာပေါ့” ဟု ပဲခူးမြို့နယ်မှ လယ်သမားတစ်ဦးက ဆိုသည်။

    လက်ရှိတွင် ပျက်စီးလယ်ဧကစာရင်းကို စိုက်ပျိုးရေးဦးစီးဌာနသို့ တင်ပြထားပြီး အကူအညီရရှိရန်နှင့် ချေးငွေဆိုင်းငံ့ပေးရေးအတွက် တောင်သူတို့က မျှော်လင့်နေကြသည်။

    “ထုတ်ချေးတာက ၁ ဧကကို ၁ သိန်းခွဲပေါ့။ ကြံဖန်ပြီးဆပ်ရတာပေါ့ တချို့က တိရစ္ဆာန်မွေးထားတော့ ရောင်းပြီး ဆပ်ရတာပေါ့ အဆင်ပြေသလို လုပ်ရတာပေါ့။ ချေးငွေကြေသွားမှ ပြန်ပေးတာကိုဆိုင်းငံ့ဖို့ကတော့ တောင်းဆိုမှုတွေရှိတယ်။ ပျက်စီးဧကစာရင်းကိုတော့ စိုက်ပျိုးရေးက တောင်းတော့ ပေးတယ် ကျတော်တို့ ရွာဘက်ကတော့ ၃၂၀ လောက်ပျက်သွားတယ်” ဟု သနပ်ပင်မြို့နယ်မှ လယ်သမားတစ်ဦးက ပြောသည်။

    မိုးစပါးချေးငွေကို မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ တစ်ဧက ကျပ် တစ်သိန်းခွဲ၊ အတိုး ၅ ရာခိုင်နှုန်းဖြင့် တောင်သူလယ်သမားများကို ထုတ်ချေးပေးထားပြီး စပါးပေါ်ချိန်ကနေ ဧပြီ လကုန် နောက်ဆုံးထားပြီး ပြန်ဆပ်ရမည်ဖြစ်သည်။

    “စပါးပေါ်တာက နိုဝင်ဘာဆိုတော့ စပါးပေါ်ပီးရင် ချေးငွေပြန်ဆပ်ဖို့ပြင်ဆင်ရတယ်။ ၄ လပိုင်းကုန်‌လောက်အထိ အချိန်ရတယ်။ အခု ချေးငွေဆပ်ဖို့ ဆိုင်းငံ့ပေးနိုင်မလား၊ ချက်ချင်း တောင်းမလားဆိုတာက မသိသေးဘူး။ လယ်စာရင်း အပျက်အစီး စာရင်း ကောက်အုံးမယ်ဆိုတော့” ဟု ပဲခူးမြို့နယ်မှ အခြားလယ်သမားတစ်ဦး ပြောသည်။

    မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေ မြင့်တက်လာသည့်အပြင် ဇောင်းတူဆည်စိုးရိမ်ရေမှတ်ကျော်လွန် ပြီး ရေလွှတ်ချသည့်အတွက် အောက်တိုဘာ ၈ ရက်နေ့မှစကာ ပဲခူးတစ်မြို့လုံးနီးပါးနှင့် ကျေးရွာအများစုတို့တွင် ရေကြီးရေနစ်မြှုပ်မှုဖြစ်ပွားခဲ့သည်။

    ရေကြီးနစ်မြုပ်မှုကြောင့် ပဲခူးတိုင်းအတွင်းက လယ်ဧက သိန်းနှင့်ချီ ရေမြုပ်သွားပြီး ဧကသောင်းနှင့်ချီ ပျက်စီးဆုံးရှုံးသွားခဲ့သည်။

    default

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks