spot_img
Sunday, January 25, 2026
More
    spot_img
    Homeသတင်းဝယ်လိုအားမြင့်တက်လာမှုကြောင့် မတ်ပဲ ဈေးကောင်းရရှိနေ

    ဝယ်လိုအားမြင့်တက်လာမှုကြောင့် မတ်ပဲ ဈေးကောင်းရရှိနေ

    -

    အိန္ဒိယနိုင်ငံမှ ဝယ်လိုအားမြင့်တတ်လာမှုကြောင့် မွန်ပြည်နယ်ထွက် မတ်ပဲ ဈေးကောင်းရရှိနေသည်ဟု ပဲနှမ်းလုပ်ငန်းရှင်များထံမှ သိရသည်။

    “အိန္ဒိယက အခြေအနေပေါ့၊ မတ်ပဲဈေးနှုန်းကတော့ နည်းနည်းပြန်တက်လာတယ်၊ ဒါပေမယ့် ပြည်တွင်းလက်ကျန် တော်တော်နည်းသွားတယ်။ (အောက်တိုဘာလ) ၉ ရက်နေ့လောက်ကနေ စတက်လာတယ်၊ မတ်ပဲကို အိန္ဒိယက ဝယ်လိုအားအများဆုံး ၇၅ ရာခိုင်နှုန်းလောက်အထိ ရှိ တယ်၊ ပြည်တွင်းမှာလည်း အသုံးအစွဲများလာပါတယ်” ဟု မွန်ပြည်နယ် ပဲနှမ်းလုပ်ငန်းရှင်တစ်ဦး ဖြစ်သူ ဦးကျော်ခိုင်မြင့်က ပြောသည်။

    အောက်တိုဘာလ ပထမအပတ်အတွင်းက  မတ်ပဲ (၂၀) ပိဿာ တစ်တင်းကို ကျပ် (၈၀၃၀၀) စျေးရရှိနေခဲ့ရာမှ လက်ရှိ မတ်ပဲ (၂၀) ပိဿာတစ်တင်းလျှင် ကျပ် (၈၅၅၀၀) ဝန်းကျင်အထိ ဈေးမြင့်တတ်လာသည်ဟု ဆိုသည်။

    ပဲနှမ်းများကို မွန်ပြည်နယ်အတွင်းက ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်၊ ကျိုက်မရော၊ ချောင်းဆုံ၊ မော်လမြိုင်နှင့် မုဒုံအစရှိသည့် မြို့နယ်တို့တွင် စိုက်ပျိုးကြသည်ဟု သိရသည်။

    “မတ်ပဲအထွက်နှုန်းလျော့ကျလာတယ်။ ဓာတ်မြေသြဇာ ပိုးသတ်ဆေးတွေက ဈေးမြင့်တက် နေတော့ ကျွန်တော်တို့လည်း လုံလုံလောက်လောက် အသုံးမပြုနိုင်ဘူး။ အပင်တွေမှာ ပိုးကျ တယ်၊ အသီးဖြစ်အားနည်းတာပေါ့။ ဒီသွင်းအားစုတွေ ဈေးမြင့်တက်တာကြောင့် တခြားသီးနှံ တွေကို ပြောင်းလဲစိုက်ပျိုးသွားတာလည်း ရှိတယ်။ တချို့ဆို ရပ်နားသွားတဲ့တောင်သူတွေလည်း ရှိတယ်” ဟု ပဲနှမ်းစိုက်တောင်သူတစ်ဦးက ပြောသည်။

    မြန်မာနိုင်ငံ၌ တစ်နှစ်အတွင်း မတ်ပဲ တန်ချိန် ငါးသိန်းခွဲဝန်းကျင် ထွက်ရှိပြီး မတ်ပဲ တန်ချိန် လေသိန်းခွဲကို ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိသည်ဟု သိရသည်။

    မွန်ပြည်နယ်ထွက် မတ်ပဲများကို အိန္ဒိယနိုင်ငံသို့ အဓိက တင်ပို့ ရောင်းချနေပြီး နီပေါ၊ ပါကစ္စတန် နိုင်ငံသို့လည်း တင်ပို့နေကြောင်း ပဲ၊ နှမ်းလုပ်ငန်းရှင်တို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts