Thursday, March 12, 2026
More
    spot_img
    Homeသတင်းရေပြန်ကျသွားသည့် ပဲခူးတွင် သောက်သုံးရေနှင့် ပြန်လည်ထူထောင်ရေးအတွက် အခက်အခဲဖြစ်နေ

    ရေပြန်ကျသွားသည့် ပဲခူးတွင် သောက်သုံးရေနှင့် ပြန်လည်ထူထောင်ရေးအတွက် အခက်အခဲဖြစ်နေ

    -

    ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ရေများပြန်ကျသွားပြီးဖြစ်သော်လည်း သောက်သုံးရေနှင့် ပြန်လည်ထူထောင်ရေးအတွင် အကူအညီများ လိုအပ်နေဆဲဖြစ်ကြောင်း ဒေသခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

    ပဲခူးတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေ မြင့်တက်လာတာသည့်အပြင် ဇောင်းတူဆည် စိုးရိမ်ရေမှတ်ကျော်လွန်ပြီး ရေများလွှတ်ချနေသည့်အတွက် အောက်တိုဘာလ ၈ ရက်နေ့မှစကာ ပဲခူးတမြို့လုံးနီးပါးနှင့် ကျေးရွာအများစုတို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်။

    ရေကြီးရေလျှံမှုသည် အောက်တိုဘာ ၁၁ ရက်နေ့မှစကာ ပြန်ကျနေသော်လည်း အနိမ့်ပိုင်းနေရာတွေမှာတော့ ရေမြိုပ်နေဆဲဖြစ်သည့်အတွက် ပရဟိတအဖွဲ့များနှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက ကူညီဆောင်ရွက်နေရဆဲဖြစ်ကြောင်း သိရသည်။

    ရေပြန်ကျသွားပြီးနောက် အဓိက သောက်သုံးရေအတွက် အခက်အခဲကြုံတွေ့နေရသလို ပြန်လည်ထူထောင်ရေးအတွက်လည်း အခက်အခဲရှိသည်ဟု ပဲခူးမှ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

    “ရေကျသွားတော့ အဓိက သောက်ရေသုံးရေ အခက်အခဲဖြစ်တယ်။ ပြီးတော့ ရေမြုပ်ခဲ့တဲ့အိမ်တွေ ပြန်နေလို့ရဖို့က သန့်ရှင်းတွေလုပ်ရမယ်။ ဒါတွေက အရင်ဆုံးရင်ဆိုင်ရမယ့်အဓိကပြဿနာပေါ့နော်။ စားဖို့သောက်ဖို့ကတော့ ရေပြန်ကျပြီးဆိုတော့ သိပ်ပြီးတော့ မခက်ခဲတော့ဘူး” ဟု ၎င်းက ပြောသည်။

    ရေမြုပ်နေဆဲဖြစ်သည့် အနိမ့်ပိုင်းနေရာများတွင် သောက်သုံးရေးအပြင် စားနပ်ရိက္ခာအကူအညီများလိုအပ်နေပြီး လူမှုကယ်ဆယ်ရေးအဖွဲ့တို့က ကူညီမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

    ပဲခူးမြို့တွင် နှစ်ပေါင်း ၆၀ အတွင် စံချိန်တင်ရေကြီးမှုဖြစ်ပွားခဲ့ကြောင်း ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးမှု ရှိကြောင်း အထူးသဖြင့် စပါးခင်းအများအပြား ပျက်စီးဆုံးရှုံးသွားကြောင်း မြို့ခံတို့ထံမှ သိရသည်။

    “တစ်ချို့အိမ်တွေတော့ ဘာမှယူဖို့ မမှီဘူးပြောကြတယ်။ ဆိုင်ကယ်တွေမြှုပ်သွားတယ်။ ကားတွေမြှုပ်သွားတယ်။ ရေခဲသေတ္တာတွေ တီဗီတွေပေါ့။ ဘဏ်တွေဆိုလည်း မနက် ၇ နာရီကရေစကြီးတယ်ဆိုတော့ ပိုက်ဆံတွေ မသိမ်းခင်ကြဘူးလို့ကြားတယ်။မထင်ထားတဲ့နေရာတွေကပါမြှုပ် ဆုံးရှုံးမှုတွေတော့ရှိသွားတာပေါ့။ အကြီးမားဆုံး ဆုံးရှုံးမှုတွေကတော့ စပါးခင်းတွေပေါ့” ၎င်းက ပြောသည်။

    ရေကြီးနစ်မြုပ်မှုကြောင့် ပဲခူးတိုင်းအတွင်း ရိတ်သိမ်းခါနီး စပါး ဧက သိန်းချီ ပျက်စီးဆုံးရှုံးမှုရှိနိုင်သည်ဟု ဒေသခံတောင်သူလယ်သမားတို့က ခန့်မှန်းထားသည်။

    default

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks