Homeသတင်းရေးတောင်ပိုင်းတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

ရေးတောင်ပိုင်းတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

-

မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း၊ ဝယ်ပေါင်ရွာနှင့် ကျုံလောင်းရွာဟောင်းအကြားရှိ ကျေးရွာ ချင်းဆက်လမ်းမပေါ်တနေရာတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်၊ ညနေ ၂ နာရီခွဲအချိန်ခန့်က အမျိုးသားတစ်ဦးသည် ဖလံ ကျေးရွာကနေ ကျုံလောင်းရွာဟောင်းသို့ ဆိုင်ကယ်ဖြင့် ပြန်လာစဥ် ဆိုင်ကယ်စီးနင်းလာသည့် လက်နက်ကိုင်အမျိုးသား (၂) ဦးတို့က သေနတ်ဖြင့် ပစ်ခတ်လိုက်ခြင်းဖြစ်သည်။

“သူက ဖလံဘက်ကနေပြန်လာတယ်၊ သေနတ် ၆ ချက်လောက် ပစ်တယ်၊ သုံးချက်ထိတယ်။ နှစ်ချက်က အနောက်ကျောထိတယ်၊ တစ်ချက်က မေမှာ ရှသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

သေနတ်ပစ်ခတ်ခံရသည့် အသက် ၄၅ နှစ်အရွယ်ရှိ အောင်သူ (ခ) စည်သူ ဆိုသူသည် ယခင်က ရေးမြို့၊ သီရိမာလာရပ်ကွက်၊ အမှတ် (၅) လမ်း၌ နေထိုင်ခဲ့ပြီး လက်ရှိ ကျုံလောင်းရွာဟောင်း တွင် အခြေချနေထိုင်လျှက်ရှိသည်ဟု သိရသည်။

“ပစ်လိုက်တဲ့လူတွေက ဘယ်အဖွဲ့အစည်းလဲတော့ မသိဘူး၊ ထိသွားတဲ့လူကတော့ အဲဒီလိုမျိုး လက်နက်ကိုင်အဖွဲ့တွေနဲ့ နီးစပ်တဲ့သူတစ်ဦးလို့ သိထားတယ်၊ ရွာထဲမှာဆို သေနတ်တွေ ဘာတွေ ကိုင်ပြီးတော့ နည်းနည်းပါးပါး အရှိန်းအဝါးကို အသုံးချပြီး လုပ်ခဲ့တာတွေရှိတယ်” ဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။

သေနတ်ပစ်ခတ်ခံရမှုကြောင့် အောင်သူ (ခ) စည်သူ၏ ကျောကုန်းယာဘက် ကျည်ဖောက်ဝင်ဒဏ်ရာ သုံးချက်နှင့် ဝဲဘက်ပါးရိုးတွင် ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက် စိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး မော်လမြိုင်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts