spot_img
Friday, May 3, 2024
More
    spot_img
    Homeမေးမြန်းချက်"NCA က အလုပ်မဖြစ်တော့ဖူးလို့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အစည်းများမှ ယုံကြည်"ဟု ENAC မှ ဒေါက်တာပညာမွန် ပြောကြား

    "NCA က အလုပ်မဖြစ်တော့ဖူးလို့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အစည်းများမှ ယုံကြည်"ဟု ENAC မှ ဒေါက်တာပညာမွန် ပြောကြား

    -

    IMNA – NCA ရဲ့ (၈) နှစ်တာကာလမှာ အားနည်းချက်၊ အားသာချက် ဘယ်လိုမျိုးသုံးသပ်ချင်လဲ။

    PNM – NCA ရဲ့ ရည်မှန်းချက်က တစ်နိုင်ငံလုံးအပစ်ရပ်ပြီးတော့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ တကကယ်အပစ်ရပ်ကြတဲ့အခါမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မဖြစ် ခဲ့ဘူး။ ခေါင်းကျက် ခေါင်းစား၊ အမြီးကျက် အမြီးစားသလိုမျိုး ဖြစ်သွားတယ်။ NCA အရဆို တစ်နိုင်ငံလုံး အပစ်ရပ်စဲကြမယ်၊ အားလုံးပါဝင်တဲ့အခင်းအကျင်းတစ်ခုကို ဖန်တီးပြီးတော့ တိုင်း ပြည်ရဲ့ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်တည်ဆောက်ရေးကိစ္စတွေကို နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံ ဆွေးနွေးကြမယ်ဆိုပြီး ပြောခဲ့ကြပေမယ့် လက်တွေ့မှာ ဖြစ်မလာခဲ့ဘူး။

    အားလုံးပါဝင်ရေးဆိုတဲ့အပေါ်မှာလည်းပဲ အစိုးရက ဝင်ရောက်ကန့်သတ်တာတွေ လုပ်ခဲ့တယ်၊ AA အပါအဝင် TNLAနှင့် MNDAA တို့ကို ပါဝင်ခွင့်မပြုခဲ့ဘူး။ အခုဆို AA ကိုပဲကြည့်ကြည့် သေးငယ်တဲ့ အဖွဲ့တစ်ခုကနေ အင်အားခိုင်ခိုင်မာမာနဲ့ ရပ်တည်နေနိုင်ပြီဖြစ်တယ်၊ ဒါတွေ အားလုံးသည် NCA ကနေ ဖယ်ကြည်ခဲ့မှုတွေကြောင့်ပဲဖြစ်တယ်။ တွေ့ဆုံပွဲတွေမှာ လူမျိုး၊ အဖွဲ့အစည်းတွေကို ခွဲခြားပြီး နိုင်ငံရေးအရ ဆွေးနွေးတယ်။ ဒါတွေတွေက NCA ရဲ့ အားနည်းချက်တွေပဲဖြစ်ပါတယ်။

    တစ်ဖက်မှာက သူ့ရဲ့အားသာချက်တွေလည်းရှိပါတယ်။ ဘာတွေလဲဆိုတော့ NCA လမ်းကြောင်း ကနေတဆင့် တိုင်းပြည်ငြိမ်းချမ်းရေး ရဖို့အတွက်ကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့ကြတယ်။ ဥပမာအနေနဲ့ပြောရရင် အရင်တုန်က မရှိခဲ့ဖူးတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံလိုပွဲမျိုးကို ကျင်းပပြီး ဆွေးနွေးနိုင်ခဲ့ကြတယ်။ တစ်ချိန်ချိန်မှာ လုပ်ခွင့်ပြန်ရရင် ကျွန်တော်တို့ ဘယ်လိုလုပ် သင့်မယ်၊ ဘယ်လိုလုပ်ရမလဲ၊ ဒီထက်ကောင်းမွန်ဖို့ ဘာတွေကိုပြင်ဆင်ရမလဲဆိုတဲ့ သင်ခန်းစာ တွေလည်း ရခဲ့တယ်။ NCA ကို အခြေခံတွေ့ဆုံဆွေးနွေးပွဲကာလတလျှောက်လုံး အာဏာမသိမ်း ခင်အချိန်ထိပေါ့၊ တိုင်းရင်းသားခေါင်းဆောင်တွေအတွက်ကတော့ တွေ့ဆုံဆွေးနွေးရေး အတွေ့ အကြုံရလိုက်တာတွေ ကိုယ့်လူမျိုးအတွက် လိုအပ်တဲ့မူဝါဒ ဘယ်လိုရေးဆွဲရမယ်စတဲ့ ပညာရပ် တွေ အများကြီးရခဲ့တယ်။ ကျွန်တော်တို့မွန်မှာလည်း NCA ကြောင့် မိမိလူမျိုးကို အခြေခံတဲ့ မူဝါဒတစ်ရပ်ပေါ်ပေါက်လာတယ်။

    နောက်တစ်ခုက မြန်မာ့နိုင်ငံရေး၊ ငြိမ်းချမ်းရေးဖြစ်စဥ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင် ကြတယ်။ ပူးပေါင်းလုပ်ဆောင်မှုတွေ အားကောင်းလာတယ်။ လွယ်လွယ်ကူးကူးနဲ့ သွားလာနိုင် ကြတယ်။ နောက် Civil Society အခန်းကဏ္ဍကို မြှင့်တင်နိုင်ခဲ့ပြီးတော့ self-interest group လို့ခေါ်တဲ့ ပညာရေး၊ မီဒီယာစတဲ့အဖွဲ့အစည်းတွေလည်း အများကြီးပေါ်ပေါက်လာတယ်။

    ဒါပေမယ့်လို့ NCA စာချုပ်နဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုတဲ့ ရည်မှန်းချက်က အောင်မြင်ခဲ့သလား၊ ဖြစ်မလာခဲ့ဘူး။ ဘာနဲ့သွားတူလဲဆိုတော့ ကြက်ဥ half-bows လိုမျိုး ကျက်တဝက်၊ မကျက်တဝက်ပေါ့။ အဖွဲ့အစည်းတစ်ဝက်လောက်ကပဲ NCA ကို သွားရောက် ဆွေးနွေးပြီးတော့ ထွက်လာတဲ့သဘောတူညီချက်တွေကို ကျန်တဲ့လူတစ်ဝက်က လက်မခံ နိုင်ဘူးဆိုရင် ဘယ်လိုလုပ်ကြမလဲ။ ဆိုတော့ သဘောမတူတဲ့အစုအဖွဲ့တွေဘက်က သဘောတူတဲ့ အစုအဖွဲ့တွေဘက်ကို ပြန်တိုက်ကြမလား။ အဲဒီလိုမျိုး စဥ်းစားလိုက်ရင် ဘယ်လိုမှ ရှေ့ဆက်သွား လို့မရဘူး။

    ဒါကြောင့် NCA စာချုပ်ဟာ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဥ်အတွက် ထင်သလောက် ခရီးမပေါက် ခဲ့ဘူး။ ဘာကြောင့်ဒီလိုဖြစ်ခဲ့တာလဲ၊ NCA စာချုပ်ကြောင့်လား၊ တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်း မမှန်လို့လား၊ အစုအဖွဲ့အားလုံးမပါနိုင်လို့လား ပြန်လေ့လာဖို့တော့ လိုမယ်။ စာချုပ်ကြောင့်ဆိုရင် စာချုပ်ကို ကျွန်တော်တို့ပြန်သုံးသပ်ရမယ်၊ ဒီထက်ကောင်းတဲ့စာချုပ်ဖြစ်အောင် ဘယ်လိုလုပ် ကြမလဲ၊ ၅ ပွင့်ဆိုင်၊ ၃ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးပုံစံတွေက နည်းလမ်းမကျလို့လား၊ ဆုံးဖြတ် ချက်ချပုံတွေက ပုံမှန်မဟုတ်လို့လား၊ ဒါတွေကို ကျွန်တော်တို့ ပြန်သုံးသပ်ရမယ်။ နောက်ပြီးတော့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးဖြစ်အောင် ဘယ်လိုမျိုးပြန်လုပ်ကြရင် ကောင်းမလဲ စသဖြင့် တိုင်းရင်းသားခေါင်းဆောင်တွေအတွက် သင်ခန်းစာတွေပေါ့။ ဒီအားနည်းချက်၊ အားသာ ချက်တွေကို ပြန်သုံးသပ်ပြီးတော့ နောင်လာမည့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲတွေ လုပ်တဲ့ အခါကျရင် ပြန်အသုံးချလို့ရသွားမယ်။

    IMNA – မကြာခင်ရက်ပိုင်းတွေအတွင်း စစ်ကောင်စီက NCA ၈ နှစ်ပြည့်အခမ်းအနား လုပ်ဖို့ရှိတဲ့ အပေါ် ဘယ်လိုမြင်လဲ၊ နောက် ဘယ်အဖွဲ့တွေက တက်ရောက်နိုင်မယ်လို့ ထင်လဲ။

    PNM – ကျွန်တော့်အမြင်နဲ့ ပြောရမယ်ဆိုရင် NCA စာချုပ်ဟာ ဘယ်လိုမှ အလုပ်မဖြစ်တော့ဘူး ဆိုတာကို စစ်တပ်ကလည်း နားလည်နေလောက်ပြီ၊ ဒါပေမယ့် သူအသေမသတ်လိုက်ဘူး၊ လိုအပ် တဲ့အခါ ထုတ်သုံးလို့ရအောင် ဒီအတိုင်းပဲ သူထားထားတယ်။ လောလောဆယ်က အလုပ်မဖြစ်ဘူး ဆိုတာ သူ (စစ်တပ်) သိနေတယ်။ ဆိုတော့ ဒီအခမ်းအနားကို လုပ်တာဟာ ပုံမှန်ပါပဲ။ ဒီလို အခမ်း အနားမျိုးကိုမှ သူမလုပ်ပေးနိုင်ဘူးဆိုရင် NCA ပျက်သွားပြီးဆိုတဲ့ပြောဆိုချက်တွေကို သူလက်ခံ လိုက်တဲ့သဘော သက်ရောက်သွားမယ်။ အခုက တိုင်းရင်းသားခေါင်းဆောင်တွေကြားမှာ ဘာဖြစ် နေကြလဲဆိုတော့ တစ်ချို့က NCA မရှိတော့ဘူး၊ ပျက်ပြီ။ တစ်ချို့က မပျက်ဘူး၊ တစ်ချို့ကတော့ ငြိမ်နေတယ် အမျိုးမျိုး ပြောနေကြတာရှိတယ်။ စစ်တပ်ကတော့ အဲဒီလိုမျိုးအဖြစ်မခံဘူး၊ သူလုပ် မှာပဲ။ ဘာမှထူးခြားလာမှာမဟုတ်ဘူး။ စစ်တပ်အာဏာသိမ်းမှုကြောင့် NCA စာချုပ်ပျက်ရတယ် ဆိုတဲ့ စွပ်စွဲချက်ကို သူလက်မခံချင်ဘူး။

    ဘယ်အဖွဲ့တွေက တက်ရောက်ကြမလဲဆိုတော့ အခြေအနေအရ စစ်တပ်နဲ့ အမြဲထိတွေ့ဆက်ဆံ နေတတ်တဲ့ မြောက်ပိုင်းက UWSA, SSPP တို့လိုမျိုးပေါ့၊ ဒါပေမယ့် အဖွဲ့တွေကို နှစ်ပိုင်းခွဲပြီး စစ်တပ်က ဖိတ်ကြားနိုင်လောက်တယ်၊ NCA လက်မှတ်ထိုးထားတဲ့အဖွဲ့နှင့် မထိုးတဲ့အဖွဲ့ကို လေ့ လာသူအနေနဲ့ပေါ့။ အထူးသဖြင့် NCA ထိုးတဲ့အဖွဲ့တွေထဲကဆိုရင် လက်ရှိ PPST ၅ ဖွဲ့တို့ ကတော့ တက်ရောက်ဖို့ သေချာမယ်။ ဒါပေမယ့် မွန်ပြည်သစ်ပါတီကကျတော့ တဆင့်နိမ့်တဲ့ ကိုယ်စား လှယ်တစ်ဦးဦးကို စေလွှတ်ပြီး တက်ဖို့ရှိနိုင်တယ်၊ ဘာလို့လဲဆိုတော့ NCA သဘောတူ လက်မှတ် ထိုးထားတယ်၊ NCA ကို လက်မခံဘူး၊ ပျက်ပြီဆိုတာလည်း ထုတ်ပြောခဲ့ တာမရှိဘူး။ ဆိုတော့ အနည်းဆုံးတော့ ပါတီရဲ့ ဗဟိုကော်မတီဝင် မဟုတ်ရင် ဗဟိုအလုပ်မှုဆောင်တစ်ဦးဦးကို စေလွှတ် ပြီး တက်ရောက်ခိုင်းမည့်သဘောမှာရှိတယ်။ KNU မတက်ဘူး၊ CNF လည်း မတက်ဘူး။ RCSS ကတော့ မွန်ပြည်သစ်ပါတီလိုပုံစံမျိုး တက်ရောက်နိုင် ဖို့ရှိမယ်။

    IMNA – နောင်လာမည့် မြန်မာ့နိုင်ငံရေး၊ ငြိမ်းချမ်းရေးအခင်းအကျင်းတွေက ဘယ်လိုပြောင်းလဲ သွားနိုင်လဲ။

    PNM – လက်ရှိအခြေအနေအရ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ တော်တော် များများမှာ NCA ပျက်ပြယ်ပြီ၊ လက်မခံတော့ဘူးဆိုတဲ့ တရားဝင်ကြေညာတာမျိုး ဘယ်အဖွဲ့ကမှ မထုတ်ပြန်ရသေးဘူး။ အလုပ်မဖြစ်တော့ဘူးဆိုတာကို လက်ခံကြတယ်၊ ဆိုတော့ ဒီ NCA ကို ဘယ်အချိန်မှာ ပြန်ပြီးတော့ အကောင်အထည်ဖော်လို့ရမယ်ဆိုတာ စစ်တပ်က ရွေးကောက်ပွဲလုပ် ပေးမယ်၊ ပြီးတော့ ပါလီမန် (လွှတ်တော်) နှင့် ရွေးကောက်တင်မြှောက်တဲ့အစိုးရသစ်တရပ် ပေါ် ထွက်လာတဲ့တစ်ချိန်ကျရင် ပြန်ဖော်ဆောင်လို့ရတယ်။ ဒါပေမယ့် လက်ရှိ NCA ကို လက်ခံနေတဲ့ အဖွဲ့တွေက ဘယ်လောက်ကျန်လဲတော့မသိဘူး။ ၁၀ ဖွဲ့ထဲမှာ ၅ ဖွဲ့လောက်ပဲ ကျန်တော့မလား အဲဒီလိုမျိုးဖြစ်လာမယ်။ ဆိုတော့ အဲဒီ ၅ ဖွဲ့လောက်နဲ့ဘဲ ရှေ့ဆက်ကြမယ်ဆိုရင် NCA က ခရီး ပေါက်နိုင်လား မေးခွန်းပြန်ထုတ်ရတော့မယ်။

    မြန်မာ့ ငြိမ်းချမ်းရေးဖြစ်စဥ်ကို ဖြေရှင်းနိုင်ဖို့ဆိုရင် လက်ရှိ NCA နဲ့ သွားလို့ မရတော့ဘူး။ လမ်းကြောင်းအသစ်တွေနဲ့ ချဥ်ကပ်ရတော့မယ်။ ပြောရမယ်ဆိုရင် NCA 2.0 ပေါ့၊ NCA အဟောင်း ကို ဘယ်အဖွဲ့မှလည်း လက်မခံနေဘူး။ သဘောတူလက်မှတ်ရေးထိုးခဲ့တဲ့ အဖွဲ့တွေကိုယ်၌က လည်း NCA အပေါ် ယုံကြည်မှု မရှိကြတော့ဘူး။ ဒီ NCA နဲ့ ကျွန်တော်တို့မြန်မာနိုင်ငံရေး ပြဿနာ ကို မဖြေရှင်းနိုင်တော့ဘူး။ နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်ခဲ့မှုကြောင့်ပဲ စစ်ပွဲပဋိပက္ခတွေ အခုလိုမျိုး ထပ်ကြုံလာတယ်။ ဆိုတော့ လာမည့်နိုင်ငံရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ နည်း လမ်းအသစ်၊ Platforms အသစ်တွေနဲ့ ချဥ်ကပ်ရတော့မယ်။ အစုအဖွဲ့အားလုံးပါဝင်နိုင်ရ မယ်၊ နောက် ဒိုင်းလိုမယ်။ အခု NCA မှာက ဒိုင်းမရှိလို့ပဲ အခက်အခဲဖြစ်နေတာ၊ အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ မပါလာနိုင်ကြတာပါ။ ဒိုင်းတစ်ယောက်တော့ လိုမယ်။

    ဆိုတော့ ဘယ်သူတွေက ဒိုင်းလုပ်ပေးသင့်လဲ၊ ကျွန်တော့်အမြင်နဲ့ ပြောမယ်ဆို UN မဟုတ်ရင် Asian အဖွဲ့တို့လိုမျိုး ဖြစ်သင့်တယ်။ နောက် Asian တစ်ခုတည်းနဲ့ အားပျော့နေမယ်။ ဘာလို့ လဲဆိုတော့ Asian အဖွဲ့ဝင်နိုင်ငံတွေအချင်းချင်းမှာကိုက အဆင့်သိပ်ကွာကြတာ မဟုတ်ဘူး။ အနောက်ကနေ Backup ခိုင်ခိုင်မာာ လုပ်ပေးနိုင်မယ့်လူ ရှိဖို့လိုတယ်။ UN၊ အမေရိကန်၊ တရုတ် ဘယ်သူဖြစ်ဖြစ်ရတယ်၊ အဲဒီအင်အားကြီးနိုင်ငံတွေက မြန်မာနိုင်ငံရေးပြဿနာကို ပြေလည်စေဖို့ စိတ်ရင်းအမှန်နဲ့ ပါဝင်ပြီး ကူညီဖြေရှင်းကြမယ်ဆိုရင် တွေ့ဆုံဆွေးနွေးရေးနည်းလမ်းအသစ်တွေ အောင်မြင်လာနိုင်တယ်။

    မြန်မာ့နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းအရပဲ ဖြေရှင်းလို့ရမယ်။ ဘယ်အချိန်အဆင်သင့် ဖြစ်ကြမလဲဆိုတာကိုတော့ မပြောနိုင်ဘူး။ အရင်းခံပြဿနာကို ဖြေရှင်းရာမှာ မပါမဖြစ်တဲ့ ကျွန်တော်တို့မွန်ပြည်သစ်ပါတီကအစ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေး ပါတီတွေ၊ အထူးသဖြင့် NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်ပေါ့၊ သူပြန်လွတ်လာရင် ဘယ်လို လုပ်ကြမလဲ၊ ဒီဖြစ်စဥ်တွေထဲ ပြန်ပါလာနိုင်အောင် NUG အပါအဝင်ပေါ့၊ အားလုံးပါဝင်ကြပြီး တော့ တစ်စုတစ်စည်းထဲဖြစ်နေဖို့လိုတယ်၊ ဒါမှလည်း စစ်တပ်နဲ့ စကားပြောလို့ရမယ်။ နိုင်ငံရေး ဆွေးနွေးပွဲ နည်းလမ်းအသစ်၊ Platforms အသစ်တစ်ခု ပေါ်ပေါက်လာမယ်ဆိုရင် ကျွန်တော်တို့ မျှော်လင့်နေတဲ့ ငြိမ်းချမ်းရေးကို ရရှိနိုင်မယ်။

    ဒါကြောင့် ကျွန်တော်တို့ တိုင်းရင်းသားတွေအပါအဝင် ဒီဘက်မှာရှိတဲ့ နွေဦးတော်လှန်ရေးအဖွဲ့ အစည်းတွေ အားလုံးပေါ့၊ ကိုယ်က ဘယ်လိုပုံစံမျိုး လိုအပ်မလဲ၊ ဘာကိုယူမှာလဲ၊ အခုကတည်းက ဆွေးနွေးကြရမယ်၊ ချမှတ်ထားရမယ်။ နောက် Peace broker ဆိုတဲ့ ဒိုင်းနေရာမှာလည်း ဘယ် သူ့ကို ရွေးချယ်ကြမလဲ။ ယူအန်ကနေ ယူမလား၊ အာဆီယံကယူမလား၊ အမေရိကန်၊ တရုတ်တို့ ကို ယူမလား၊ ကျွန်တော်တို့ပြင်ဆင်ထားဖို့တော့လိုမယ်လို့ ပြောချင်ပါတယ်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,000SubscribersSubscribe
    spot_img

    Latest posts