spot_img
Saturday, March 7, 2026
More
    spot_img
    Homeသတင်းလာမည့်ခရီးသွားရာသီတွင်လည်း ခရီးသွားလုပ်ငန်း တိုးတက်မှုမရှိနိုင်ဟုဆို

    လာမည့်ခရီးသွားရာသီတွင်လည်း ခရီးသွားလုပ်ငန်း တိုးတက်မှုမရှိနိုင်ဟုဆို

    -

    လာမည့်ခရီးသွားရာသီအတွက် စစ်ကောင်စီမှ ပြည်တွင်းခရီးသွားလုပ်ငန်းကိုမြှင့်တင်ဖော်ဆောင်ပေးမည်ဟုဆိုနေသော်လည်း မွန်ပြည်နယ်နှင့် ရင်ပြည်နယ်တို့တွင် ခရီးသွားလုပ်ငန်း တိုးတက်မှုမရှိနိုင်ဘူးဟု ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူအချို့တို့က ပြောသည်။

    မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လက်ရှိဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခကြောင့် လုံခြုံရေးအာနည်းခြင်း၊ ခရီးသွားများကို စစ်ဆေးကန့်သတ်မှုများခြင်း၊ နယ်စပ်ဖြတ်ကျော်ခွင့် ပိတ်ထားခြင်းတို့ကြောင့် ခရီးသွားလုပ်ငန်း တိုးတက်မှုမရှိနိုင်ကြောင်း ခရီးသွားဧည့်လမ်းညွှန်တစ်ဦးက ဆိုသည်။

    “သူတို့(စစ်ကောင်စီ)က ပြည်နယ်နဲ့ တိုင်းအလိုက်ကို လမ်းကြောင်းဖော်ဆောင်ပေးမယ်လို့ပြောတယ် ကျွန်တော်တို့က မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ဘဲနားလည်တော့ ဘယ်လိုပဲဖော်ဆောင်ပေးပါစေ လုံခြုံရေးအပိုင်းမှာ မကောင်းဘူး။ ရင်တထိတ်ထိတ်နဲ့ save မဖြစ်ဘူးဆိုတော့ ဘာမှလုပ်လို့မရဘူး ရပ်ထားရမလိုဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

    လာမည့်ခရီးသွားရာသီအတွက် မြဝတီနယ်စပ်ပေါက်ဖွင့်လှစ်စေလိုပြီး ဆိုက်ရောက်ဗီဇာနှင့်လည်း ပြည်ပဧည့်သည်များကို ဝင်ခွင့်ပြုစေလိုကြောင်း လုံခြုံစိတ်ချစွာ ဝန်ဆောင်မှုပေးနိုင်ရန် မျှော်လင့်မိကြောင်းလည်း သူက ဆိုသည်။

    စီးပွားရေးနှင့် နိုင်ငံရေးအခြေအနေကြောင့် လာမည့်ပွင့်လင်းရာသီတွင်လည်း မွန်ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်း မလည်ပတ်နိုင်သည့်အနေအထားရှိကြောင်း မော်လမြိုင်မှ ဟော်တယ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

    “ဒီနှစ်တွေထဲမှာလည်း ခရီးသွား လှည့်လည်တာတွေ ရှိနိုင်မှာမဟုတ်သေးပါဘူး။ လုံခြုံရေးကြောင့်လည်းပါတယ်။ စီးပွားတွေကလည်း အရမ်းကြီးကောင်းနေတာလည်းမဟုတ်ဘူးလေ။ ကျနော်တို့တောင် လုပ်ငန်းလည်ပတ်နေပေမဲ့ အမြတ်မရှိဘဲ ရသလောက်သွားနေတာ ဘုရားဖူးနေရာဖြစ်တဲ့ ကျိုက်ထိုဟော်တယ်တွေမှာတောင် လူမရှိဘူး” ဟု အထက်ပါ ဟိုတယ်လုပ်ငန်းရှင်က ဆိုသည်။

    ကိုဗစ်ကာလမှစပြီး ခရီးသွားလုပ်ငန်း မလည်ပတ်နိုင်ခြင်းကြောင့် ခရီးသွားလုပ်ငန်းကို မှီခိုနေရသည့် ဧည့်လမ်းညွှန်များ၊ ကားဝန်ဆောင်မှုလုပ်ငန်းများ၊ လက်မှုလုပ်ငန်းများ၊ ခရီးသွားအေးဂျင်စီများ လုပ်ငန်းရပ်နားခဲ့ရသည့်အထိ ရှိခဲ့သည်ဟု သိရသည်။

    ခရီးသွားလုပ်ငန်း ကောင်းကောင်းမလည်ပတ်နိုင်သည့်အတွက် ကိုဗစ်ကာလတုန်းက ခရီးသွားလုပ်ငန်းကဏ္ဍအတွက် ထုတ်ချေးပေးထားသည့် ချေးငွေ၏ ၈၀ ရာခိုင်နှုန်းကို ပြန်မဆပ်ကြသေးကြောင်းလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

    ကိုဗစ်ကာလမတိုင်မီ ၂၀၁၉ ခုနှစ်အထိ ခရီးသွားကုမ္ပဏီပေါင်း ၄၃၀၀ ကျော်ရှိခဲ့သော်လည်း လက်ရှိတွင် ခရီးသွားကုမ္ပဏီ ၂၀၀၀ ကျော်သာလိုင်စင်ပြန်လည်လျှောက်ထားပြီး အမှန်တစ်ကယ် လည်ပတ်နေသည့် ကုမ္ပဏီပေါင်း ၂၀၀ ကျော်သာရှိကြောင်းလည်း ဆိုသည်။

    စစ်ကောင်စီအနေဖြင့် လာမည့်ပွင့်လင်းရာသီတွင် ဦးစားပေးလည်ပတ်သင့်သည့် ခရီးသွားဒေသ ၁၄ ခုကို ထုတ်ပြန်ထားပြီး ၎င်းထဲတွင် ကရင်၊ ကယားနှင့် မွန်ပြည်နယ် မပါဝင်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks