spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းဥက္ကဌဟောင်းနှင့် စစ်‌ခေါင်းဆောင်တွေ့ဆုံမှု အဖွဲ့တွင်း ရှုပ်ထွေးအောင်သည့်လုပ်ရပ်ဟု KNU ထုတ်ပြန်

    ဥက္ကဌဟောင်းနှင့် စစ်‌ခေါင်းဆောင်တွေ့ဆုံမှု အဖွဲ့တွင်း ရှုပ်ထွေးအောင်သည့်လုပ်ရပ်ဟု KNU ထုတ်ပြန်

    -

    ကရင်အအမျိုးသားအစည်းအရုံး KNU ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် စစ်ခေါင်းဆောင် တွေ့ဆုံမှုသည် စစ်ကောင်စီမှ KNU အတွင်း ရှုပ်ထွေးမှုဖြစ်အောင်ပြုလုပ်သည့် လုပ်ရပ်ဟု KNU ဗဟိုက အောက်တိုဘာ ၂ ရက်နေ့က ထုတ်ပြန်သည်။

    KNU ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့်အတူ KNU – CEC ဟောင်း ပဒိုစောရောဂျာခင်၊ ဒူးပလာယာခရိုင် ဥက္ကဌတာဝန်မှ အနားယူထားသည့် ပဒိုစောရွှေမောင်းတို့နှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် စက်တင်ဘာလ ၃၀ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြသည်။

    အဆိုပါ တွေ့ဆုံမှုသည် KNU နှင့် ပတ်သက်ခြင်း လုံးဝမရှိသလို KNU အတွင်း ရှုပ်ထွေးမှုဖြစ်အောင်ပြုလုပ်သည့် လုပ်ရပ်ဖြစ်သည်ဟု ဆိုသည်။

    ၎င်းပြင် အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးအတွက် တိုက်ပွဲဝင်နေသည့် မဟာမိတ်အင်အားစုများအကြား နားလည်မှုလွဲမှားစေရေးအတွက် လုပ်ဆောင်သော စစ်တပ်၏ အစီအစဉ်သာဖြစ်ကြောင်းလည်း KNU က ဆိုထားသည်။

    စစ်တပ်သည် နိုင်ငံရေးအရ တရားဝင်သည့် စစ်တပ်မဟုတ်သည့်အတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် လုံးဝမရှိကြောင်း (၁၇) ကြိမ်မြောက် ကွန်ကရက်အပြီး ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့တွင် ကျင်းပခဲ့သည့် First 100 Days: KNU IN NEW ERA သတင်းစာရှင်းလင်းပွဲတွင် KNU က အတိအလင်းထုတ်ပြန်ထားသည်။

    KNU သည် နိုင်ငံရေး ရည်မှန်းချက်အောင်မြင်ရေးအတွက် ဘဝတူ တော်လှန်ရေးအင်အားစုများနှင့်အတူ မားမားမတ်မတ်ရပ်တည်လျက် တစိုက်မတ်မတ် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း KNU ဗဟိုက ထုတ်ပြန်ထားသည်။ 

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks