spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်အတွင်းက စစ်ကောင်စီတပ်ရင်းများ ဆက်တိုက်တိုက်ခိုက်ခံနေရ

    ရေးမြို့နယ်အတွင်းက စစ်ကောင်စီတပ်ရင်းများ ဆက်တိုက်တိုက်ခိုက်ခံနေရ

    -

    စစ်အုပ်ချုပ်ရေးကြေညာထားသည့် မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း အခြေစိုက်ထားသည့် စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းတွေ ဆက်တိုက်တိုက်ခိုက်ခံနေရကြောင်း သိရသည်။

    စက်တင်ဘာလ ၂၅ ရက်နေ့က ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအခြေစိုက် စစ်ကောင်စီ အမှတ်(၁၀၆) ခြေလျင်တပ်ရင်းဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

    ရေးမြို့နယ်၊ အာယုတောင်ကျေးရွာအခြေစိုက် ခမရ ၅၈၇ တပ်ရင်းရှေ့ရှိ ကင်းတဲစခန်းကိုလည်း KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့က စက်တင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

    ၎င်းပြင် စက်တင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းကလည်း ရေးမြို့နယ်၊ မော့ကနင်ကျေးရွာနှင့် ကြိုးတံတားကြားရှိ စစ်ကောင်စီ ခမရ ၅၈၈ လက်အောက်ခံတပ်ဖွဲ့ဝင်များကို KNLA၊ PDF ပူပေါင်းတပ်တို့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

    ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့ကလည်း ရေးအခြေစိုက် ခမရ ၅၈၃၊ ခမရ ၅၉၁ တပ်ရင်းတို့ကို KNLA၊ PDF ပူးပေါင်းတပ်တို့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

    အဆိုပါ စစ်ကောင်စီ တပ်ရင်း၊ တပ်စခန်းများတိုက်ခိုက်ခံရမှုဖြစ်စဥ◌်အတွင်း စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု ပူးပေါင်းတပ်ဖွဲ့ဘက်က ထုတ်ပြန်သော်လည်း လွတ်လပ်သောမွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

    ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းများ၊ ဂိတ်များနှင့် ကင်းစခန်းများကို KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့က မကြာခဏဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks