spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းပုလောတွင် အရေးပေါ်စစ်ဘေးရှောင်နေရသူ ထောင်ချီရှိ

    ပုလောတွင် အရေးပေါ်စစ်ဘေးရှောင်နေရသူ ထောင်ချီရှိ

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် လတ်တလောပဋိပက္ခများကြောင့် အရေးပေါ်စစ်ဘေးရှောင်နေရသည့် ပြည်သူ ထောင်ချီရှိနေကြောင်း စစ်ရှောင်များကို ကူညီပေးနေသူတို့ထံမှ သိရသည်။

    စက်တင်ဘာဒုတိယအပတ်ကစပြီး ပုလောမြို့နယ်အတွင်း စစ်ကောင်စီတပ်တို့က လက်နက်အင်အား၊ လူအင်အားဖြည့်တင်းလာပြီး ဒေသတွင်း လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့နှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

    တိုက်ပွဲဖြစ်စဥ◌်အတွင်း စစ်ကောင်စီတပ်တို့မှ အရပ်သားပြည်သူ ရာနှင့်ချီကို ဖမ်းဆီးခဲ့သည့်အပြင် အရပ်သား ငါးဦးကို ပစ်သတ်ခဲ့သလို နေအိမ် ၃၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    တိုက်ပွဲဖြစ်ပွားခြင်းနှင့် စစ်ကောင်စီတပ်တို့မှ ဖမ်းဆီးနေမှုကြောင့် လက္ကူးကျေးရွာအုပ်စုရှိ မဒေါင်ရွာ၊ ပြင်းဖြူရွာနှင့် တိုကျေးရွာအုပ်စုရှိ ပိတပ်ရွာတို့မှ ဒေသခံများ အရေးပေါ်စစ်ဘေးရှောင်နေရကြောင်း ဆိုသည်။

    “အဲရွာတွေက ရွာကြီးတွေဆိုတော့ လူထောင်ချီရှိနိုင်တယ်။ အကူအညီကတော့လိုတယ် အဓိကက စားနပ်ရိက္ခာ။ စားနပ်ရိက္ခာအတွက်ဆိုပေမယ့် ပိုက်ဆံလှူရင် ပိုအဆင်ပြေပါတယ်” ဟု စစ်ရှောင်များကို ကူညီပေးနေသူတစ်ဦးက ပြောသည်။

    နှစ်ဖက်ပစ်ခတ်မှုများဖြစ်ပွားနေသည့်အပြင် စစ်ကောင်စီတပ်တို့မှ ဖမ်းဆီးနေမှုကြောင့် ပလမြို့ပေါ်က ပြည်သူတချို့လည်း အနီးအနားရွာနှင့် အခြားမြို့တို့ဆီ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

    စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် ပုလောမြို့နယ်တွင် တိုက်ပွဲအဖြစ်များဆုံးနှင့် စစ်ဘေးရှောင်ပြည်သူဦးရေအများဆုံးမြို့နယ်တစ်ခုဖြစ်သည်။

    သုတေသနအဖွဲ့တစ်ခုဖြစ်သည့် ဒေါနတနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့၏ ထုတ်ပြန်ထားချက်အရ ပုလောမြို့နယ်တွင် အမြဲတမ်းစစ်ရှောင်ပြည်သူ ၂၆၀၀ ကျော်အပါအဝင် စစ်ဘေးရှောင်ပြည်သူတစ်သောင်းခန့် ဆက်ရှိနေသည်ဟု ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks