spot_img
Sunday, December 21, 2025
More
    spot_img
    Homeသတင်းဘီးလင်းတွင် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း အရပ်သား ၄ ဦး ဒဏ်ရာရ

    ဘီးလင်းတွင် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း အရပ်သား ၄ ဦး ဒဏ်ရာရ

    -

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ဖြစ်ပွားခဲ့သည့်  နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုဖြစ်စဥ် အတွင်း ခရီးသွားအရပ်သားပြည်သူ ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။  

    စက်တင်ဘာ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က ဒေါက်ရပ်ကျေးရွာအနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့က သွားရောက် တိုက်ခိုက်ရာမှ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

    နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း ခရီးသွားမော်တော်ယာဥ် ၂ စီး ကြားညှပ်ပစ်ခတ်ခံရတာကြောင့် အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သားပြည်သူ ၄ ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်။

    “အချိန်နှစ်နာရီလောက် ကြာတယ်။ အရပ်သားတွေ ထိထားတယ်ကြားလို့ သွားကောက်တာ။ အဲဒီထဲက အမျိုးသားတစ်ဦးက ကျည်ဖောက်ဝင်ဒဏ်ရာ ၃ ချက်ရထားတယ်။ အသက်အန္တရာယ်စိုးရိမ်ရတယ်” ဟု လူမှုကယ်ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည့် ခရီးသွားပြည်သူ ၄ ဦးကို လူမှုကယ်ဆယ်ရေးအဖွဲ့တို့မှ ဘီးလင်းပြည်သူ့ဆေးရုံသို့  ပို့ဆောင်ပေးထားသည်ဟု သိရသည်။

    နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုကြောင့် ရန်ကုန်-မော်လမြိုင်ကားလမ်း ယာယီပိတ်ဆို့မှုဖြစ်ပွားခဲ့ပြီး ခရီးသွားကား ရာနှင့်ချီ အချိန်နှစ်နာရီနီးပါးခန့် ပိတ်မိနေခဲ့ကြောင်း ညနေ ၄ နာရီခန့်တွင် ကားများ ပုံမှန်အတိုင်း ပြန်လည်သွားလာနေကြကြောင်း ဒေသခံတို့က ပြောသည်။

    စစ်အာဏာသိမ်းကာလအတွင်း ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းတလျှောက်တွင် ခရီးသွားကား မကြာခဏ ပစ်ခတ်ခံနေရသည့်အတွက် ခရီးသွားပြည်သူများ ထိခိုက်သေဆုံးမှုလည်း ရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,300SubscribersSubscribe
    spot_img

    Latest posts