spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းကျွမ်းကျင်သူနာပြုအခက်အခဲကြောင့် မော်လမြိုင်ကျောက်ကပ်သွေးသန့်စင် စင်တာ ယာယီရပ်နားမည်

    ကျွမ်းကျင်သူနာပြုအခက်အခဲကြောင့် မော်လမြိုင်ကျောက်ကပ်သွေးသန့်စင် စင်တာ ယာယီရပ်နားမည်

    -

    ကျွမ်းကျင်သူနာပြုအခက်အခဲကြောင့် မော်လမြိုင်မြို့၊ ကျောက်တန်းစက်မှုဇုန်နယ်မြေရှိ မော်လမြိုင် ကျောက်ကပ် သွေးသန့်စင် စင်တာအား စက်တင်ဘာလကုန်ပိုင်းမှစပြီး ယာယီရပ်နားထားမည်ဖြစ်ကြောင်း မော်လမြိုင်ကျောက်ကပ်ဖောင်ဒေးရှင်း တာဝန်ရှိသူတို့ထံမှ သိရသည်။

    လတ်တလော ကျောက်ကပ်ဆေးခြင်းနှင့် ပတ်သက်သည့် ကျွမ်းကျင်သူနာပြုများ ရှာမရဖြစ်နေသည့်အတွက် စင်တာအား ခေတ္တခဏ ရပ်နားရခြင်းဖြစ်ကြောင်းနှင့် ကျောက်ကပ်လာဆေးကြမည့် လူနာများအား စက်တင်ဘာလ (၃၀) ရက်အထိသာ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မော်လမြိုင်ကျောက်ကပ်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    ၎င်းက “ကျောက်ကပ်ဆေးတာနဲ့ ပတ်သက်လို့ သူနာပြုတွေက ကဏ္ဍတစ်ခုအနေနဲ့ သွားပါတယ်။ အတွေ့အကြုံမရှိရင်လည်း ကျောက်ကပ်ဆေးတာကို လုပ်လို့မရဘူး။ အခုစင်တာမှာရှိတဲ့ သူနာပြုတွေကလည်း ထွက်ကုန်တယ်။ ပြန်အစားထိုးနိုင်မယ့် ကျွမ်းကျင်တဲ့သူနာပြုတွေကို လောလောဆယ်မှာ ရှာရခက်နေလို့ ပါ။ အကယ်၍ ကျွမ်းကျင်သူနာပြုတွေ ပြန်ရရင်တော့ စင်တာကို ပြန်လည်ဖွင့်လှစ်ပြီးတော့ လူနာတွေ ပြန်လည်လက်ခံပေးသွားမှာပါ” ဟု ပြောကြားသည်။

    ကျောက်ကပ်ဆေးခြင်းနှင့် ပတ်သက်ပြီး ကျွမ်းကျင်သူနာပြုများအား ပြန်လည်ခန့်အပ်နိုင်သည့်အချိန်တွင် စင်တာအား ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖွင့်လှစ်မည့် နေ့ရက်ကို မော်လမြိုင်ကျောက်ကပ်ဖောင်ဒေးရှင်း Facebook Page မှ ပြန်လည်အသိပေးကြေညာပေးသွားမည်ဖြစ်ကြောင်းလည်း ဆိုသည်။

    မော်လမြိုင် ကျောက်ကပ်သွေးသန့်စင် စင်တာကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက စတင်ဖွင့်လှစ်ခဲ့ပြီး ကျောက်ကပ်ပျက်ဆီးသွားသည့် ကျောက်ကပ်ဝေဒနာရှင်များအား ကျောက်ကပ်ဆေးကြောသန့်စင်ပေးနေသည့် စင်တာတစ်ခုဖြစသည်။

    မော်လမြိုင် ကျောက်ကပ်သွေးသန့်စင် စင်တာတွင် ကိုဗစ်ကူးစက်ရောဂါဖြစ်ပွားချိန်မတိုင်ခင်က လစဉ် ကျောက်ကပ် ပုံမှန်လာဆေးသည့် လူနာပေါင်း ၂၅ ဦးကျော်ရှိခဲ့ကြောင်း၊ ကိုဗစ်ကာလနောက်ပိုင်းတွင် လစဥ် ကျောက်ကပ်ပုံမှန် လာဆေးသည့် လူနာ ၁၅ ဦးဝန်းကျင်ခန့်ရှိကြောင်း စင်တာထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks