spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းလောင်းလုံးမြို့နယ် စမ်းလှမ်းရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

    လောင်းလုံးမြို့နယ် စမ်းလှမ်းရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

    -

    တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးစံရွှေ ယမန်နေ့က ပစ်သတ်ခံရကြောင်း သိရသည်။

    စက်တင်ဘာလ ၄ ရက်နေ့ နေ့လယ် ၂ နာရီခန့်က လောင်းလုံးမြို့မစခန်းမှူးနှင့် တွေ့ဆုံပြီး ​ပြန်လာသည့် အုပ်ချုပ်ရေးမှူး ဦးစံရွှေကို လောင်းလုံးမြို့နှင့် စမ်းလှမ်းကျေးရွာကြားလမ်းတစ်နေရာတွင် Dawei Defense Team – DDT တပ်ခွဲ (၃)နှင့် Guerrilla Dawei – ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့တို့က ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

    ပစ်ခတ်ခံရချိန်တွင် ဦးစံရွှေသည် စစ်ကောင်စီတပ်နှင့် ဆက်သွယ်ထားသည့်အချက်လက်ပါ ဖုန်းတစ်လုံး၊ တံဆိပ်တုံး နှစ်ခုနှင့် ရုံးစာရွက်စာတမ်းများ သိမ်းဆည်းရမိသည်ဟု ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

    ဦးစံရွှေသည် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးရာတွင် ကိုယ်တိုင်လိုက်ပါလမ်းပြပေးတာ၊ စက်လှေများဆီက ဆက်ကြေးတောင်းခံပြီး စစ်ကောင်စီကို ထောက်ပံ့ပေးတာတွေ လုပ်ဆောင်နေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က သတိပေးစာပေးပို့ခဲ့ပြီး ဆက်လက်လုပ်ဆောင်နေသည့်အတွက် ယခုလို ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

    စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဦးစံရွှေ ပစ်သတ်ခံရသည့်လမ်းပိုင်းတွင် ပြီးခဲ့သည့် သြဂုတ်လ ၁၀ ရက်နေ့ကလည်း ပျူစောထီး ဂွမ်မိုးဆိုသူကို Dawei Defense Team – DDT တပ်ခွဲ (၃) နှင့် Guerrilla Dawei – ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့တို့က ပစ်သတ်ခဲ့သေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks