spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းမြဝတီခရိုင်ရဲရုံး တိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီဘက်က ၅ ဦးသေ၊ ၁၁ ဦး ဒဏ်ရာရ

    မြဝတီခရိုင်ရဲရုံး တိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီဘက်က ၅ ဦးသေ၊ ၁၁ ဦး ဒဏ်ရာရ

    -

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မြဝတီမြို့ရှိ စစ်ကောင်စီလက်အောက်ခံ မြဝတီခရိုင်ရဲရုံး  ပစ်ခတ်တိုက်ခိုက်ခံရသည့်ဖြစ်စဥ်တွင် စစ်ကောင်စီတပ်ဘက်က ၅ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

    မြဝတီခရိုင်ရဲရုံးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က စက်တင်ဘာလ ၃ ရက်နေ့ ညနေ ၆ နာရီခွဲဝန်းကျင်အချိန်ခန့်က ဒရုန်းဖြင့် နှစ်ကြိမ် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ကေအဲန်ယူ ဒူးပလာယာခရိုင်က ထုတ်ပြန်ထားသည်။

    ဒရုန်းဖြင့် ​ပထမအကြိမ် ဗုံးကြဲပစ်ချရာတွင် မြဝတီခရိုင်ရဲရုံးအစည်းဝေးခန်းမပေါ် တစ်လုံးနှင့် ခရိုင်ရဲမှူးအိမ်ဘေးတွင် တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ထုတ်ပြန်ထားသည်။

    ယင်းနောက် ည ၇ နာရီခွဲအချိန်ခန့်တွင် အဆိုပါ ဗုံးကြဲခံရသည့်နေရာသို့ လာရောက်စစ်ဆေးသည့် မြဝတီခရိုင်ရဲမှူးဦးစီးအဖွဲ့ကို K.N.L.A နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဒုတိယအကြိမ် ထပ်မှန် ဗုံးကြဲပစ်ချခဲ့ရာ စစ်ကောင်စီတပ်မှ ၅ ဦး ကျဆုံးပြီး၊ ၁၁ ဦး ဒဏ်ရာရရှိသည်ဟု ဖော်ပြထားသည်။

    သေဆုံးသူ ၅ ဦးတွင် မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းညိမ်း၊ စစ်ကောင်စီ ခလရ ၁၇၅ တပ်ရင်းမှ ယာယီတပ်ရင်းမှူး အောင်ကျော်မင်း၊ ရဲအုပ် နေလင်းစိုးနှင့် ထွေအုပ်အကြီးတန်းစာရေး ဦးပြည့်ဖြိုးအောင် ပါဝင်သည်။

    မြဝတီခရိုင် ဒုရဲမှူးကြီး အောင်ထက်ဝင်း၊ ဒုရဲမှူး မျိုးဝင်း၊ ရဲဒုတပ်ကြပ် မျိုးမင်းသော်၊ ဒုရဲမှူး ထွန်းထွန်းနိုင်နှင့် ဒုရဲအုပ် သက်ခိုင်တို့အပါအဝင် ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။

    ထိခိုက်ဒဏ်ရာရရှိသူများကို မြဝတီမြို့ ခရိုင်ဆေးရုံနှင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က ပုဂ္ဂလိက ဆေးရုံတစ်ခုတွင် တက်ရောက်ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks