spot_img
Wednesday, February 25, 2026
More
    spot_img
    Homeသတင်း ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် ထွက်ခွာပေးရန် သထုံဒေသခံ တောင်းဆို

     ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် ထွက်ခွာပေးရန် သထုံဒေသခံ တောင်းဆို

    -

    မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကန်တော်နီကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲထားသည့်စစ်ကောင်စီတပ်များ ထွက်ခွာပေးရန် ကျောင်းထိုင်ဆရာတော်နှင့် ဒေသခံတို့က တောင်းဆိုနေကြသည်။

    ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၁ နယ်မြေအတွင်းရှိ ကန်တော်နီကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း စစ်ကောင်စီ စကခ ၈ လက်အောက်ခံ ခမရ ၄၁၀ တပ်ရင်းမှ တပ်ရင်းမှူး နေမင်းစိုး ဦးစီးသည့် လှုပ်ရှားစစ်ကြောင်းမှ တပ်စွဲထားသည်မှာ ရက်ပေါင်း ၄၀ ကျော်ကြာမြင့်လာပြီးဖြစ်သည်ဟု ဆိုသည်။

    ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားလာလျှင် ထိခိုက်ပျက်စီးနိုင်သည့်အပြင် ရွာသားများ အသက်အန္တရာယ်စိုးရိမ်ရသည့်အတွက် ထွက်ခွာပေးရန် ကျောင်းထိုင်ဆရာတော်နှင့် ဒေသခံတို့က ယခုလို တောင်းဆိုရခြင်းဖြစ်သည်ဟု ဆိုသည်။

    “ဘုန်းကြီးကျောင်းကနေ ထွက်သွားပေးဖို့ ဆရာတော်ကြီးတွေကော မေတ္တာရပ်ခံထားတယ်။ ကျေးရွာက ကျောင်းဒကာ ဒကာမတွေရော တောင်းပန်းထားတယ်။ ဒါပေမဲ့ မထွက်သေးဘူး တပ်စွဲထားတုန်းပဲ။ သူတို့တပ်စွဲထားကြတော့ ဒေသခံတွေက အလုပ်ကောင်းကောင်းမသွားရဲကြဘူး” ဟု ဒေသခံတစ်ဦးက ဆိုသည်။

    ကျေးရွာအတွင်း စစ်ကောင်စီတပ်များ တပ်စွဲထားသည့်အတွက် ဒေသခံများ ခြံလုပ်ငန်း သွားရောက်လုပ်ကိုင်ရန်လည်း အခက်အခဲဖြစ်နေကြသည်လည်း ပြောသည်။

    ကန်တော်နီကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း စစ်ကောင်စီတပ် တပ်စွဲထားသည်နှင့် ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU နှင့် နီးစပ်သည့် နယ်မြေခံတစ်ဉီးက “ဘုန်းကြီးကျောင်းမှာနေနေတဲ့အဖွဲ့က တကယ်က နယ်မြေရှင်းလင်းရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်ရမှာ မပတ်ရဲလို့ အဲ့ရွာမှာခိုနေတာ” ဟု ပြောသည်။

    ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်နေ့ကလည်း စစ်ကောင်စီတပ် ပိန္နဲတောစခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကေအဲန်ယူ-သထုံမြို့နယ်၊ မင်းလွင်ကျေးနယ်အုပ်စု မင်းလွင်ကျေးရွာထဲ ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်တစ်လုံးထိခိုက်ပျက်စီးခဲ့သည်ဟု KNU သထုံခရိုင်က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks