Friday, March 13, 2026
More
    spot_img
    Homeသတင်းပြည်ပထွက် အလုပ်လုပ်သူများ အိမ်ခြံမြေတွင် ပိုမိုရင်းနှီးမြုပ်နှံလာ

    ပြည်ပထွက် အလုပ်လုပ်သူများ အိမ်ခြံမြေတွင် ပိုမိုရင်းနှီးမြုပ်နှံလာ

    -

    မြန်မာကျပ်ငွေတန်းဖိုးဆက်တိုက်ကျဆင်းလာသည့်နောက်ပိုင်းတွင် ပြည်ပထွက် အလုပ်လုပ်ကိုင်နေသူများ အိမ်ခြံမြေတွင် ပိုမိုရင်းနှီးမြုပ်နှံလာသည်ဟု မော်လမြိုင်မြို့ရှိ အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။

    ပြည်နယ်အတွင်းက အိမ်ခြံမြေအရောင်းအဝယ် ၇၀ ရာခိုင်နှုန်းခန့်သည် ပြည်ပအလုပ်လုပ်ကိုင်နေသူတို့ထံဖြစ်သည်ဟု မော်လမြိုင်မြို့မှ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

    “နံပါတ်တစ်ကတော့ ဒီအိမ်ခြံမြေတွေကို အရောင်းအဝယ်ပြုလုပ်နေသူရှိမယ် ပြီးတော့ ပြည်ပမှာနေနေတဲ့လူတွေ ခြံမြေဝယ်များတယ်။ စင်ကာပူ၊ မလေး၊ ကိုးရီးယားမှာရှိနေတဲ့လူတွေ အဝယ်များတယ်။ ကျပ်ငွေတန်ဖိုးကျနေတော့ သူတို့ ပို့လာတဲ့ ငွေတွေဆို ခြံမြေ ဒါမှမဟုတ် ရွှေ ဝယ်ကြတယ်။ အခု ရွှေစျေးတက်နေတော့ ခြံမြေတွေကိုပဲ ဝယ်ကြတယ်။ ရာခိုင်နှုန်းနဲ့ပြောရင် ၆၀/၇၀ ရာခိုင်နှုန်းလောက်က ပြည်ပကလူတွေပဲ ဝယ်ကြတယ်”

    မြန်မာကျပ်ငွေတန်းဖိုးဆက်တိုက်ကျဆင်းလာသည့်နောက် ဒေါ်လာစျေး၊ ရွှေစျေးမြင့်တက်လာသည့်နှင့်အတူ အိမ်ခြံမြေစျေးတွေလည်း ဆက်တိုက်မြင့်လာသည်ဟု ဆိုသည်။

    လက်ရှိတွင် သိန်းထောင်ဂဏန်း ပေါက်စျေးရှိခဲ့သည့် မြေကွက်တစ်ကွက်သည် သိန်းသောင်းဂဏန်းအထိ စျေးတက်သွားပြီး အရောင်းအဝယ်လည်း သွက်နေသည်ဟု အိမ်ခြံမြေအကျိုးဆောင်တို့က ပြောသည်။

    “မော်လမြိုင်မှာ လမ်မတန်းမှာဆိုရင် သိန်းသောင်းနဲ့ချီဖြစ်သွားပြီး။ စျေးကြိုမှာဆိုရင် သိန်းတစ်သောင်းခွဲလောက်ရှိတယ်။ စျေးကြိုမှာ မျက်နှာစာ ပေ ၃၀ အရှည် ၈၀ လောက်ရှိတဲ့မြေက သိန်း ၁၅၀၀၀ လောက်ရှိတယ်။ ဒီသိန်းတစ်သောင်းခွဲမြေကတော့ အရောင်းအဝယ်နှေးတာပေါ့။ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကဆိုရင် သိန်း ၁၂၀၀၀ လောက်ပဲရှိတယ်။ အခုက သိန်း ၁၅၀၀၀ ဖြစ်သွားတယ်” ဟု ဆိုသည်။

    အိမ်ခြံမြေစျေးသည် မြန်မာကျပ်ငွေတန်ဖိုး အတက်အကျပေါ်မူတည်ပြီး စျေးနှုန်းပြောင်းလဲနေကြောင်း လာမည်းပွင်းလင်းရာသီတွင် ယခုထက် အိမ်ခြံမြေစျေးနှုန်း ပိုမြင့်တက်လာနိုင်ကြောင်း အိမ်ခြံမြေအကျိုးဆောင်တို့က ခန့်မှန်းထားကြသည်။

    “ဒီလိုဝါတွင်းကာလမှာတောင် စျေးတွေက တစ်ပတ်တပတ်တက်နေတာ အခု ၁၀ ရာခိုင်နှုန်းလောက် တက်သွားတယ်ဆိုပါတော့ ပွင့်လင်းရာသီရောက်ရင် ၂၀ ရာခိုင်နှုန်း ၃၀ ရာခိုင်နှုန်းလောက် တက်သွားနိုင်မယ် အဲလိုတော့ ခန့်မှန်းထားတာပေါ့” ဟု အခြားအိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောသည်။

    မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျလာပြီးနောက် သြဂုတ်လအတွင်းမှာ အမေရိကန် တစ်ဒေါ်လာ ၃၈၀၀ ကျပ်ကျော်၊ မီးလင်းအခေါက်ရွှေ တစ်ကျပ်သား ၃၈ သိန်းကျော် အမြင့်ဆုံးစျေးတက်သွားပြီး ထိုင်းတစ်ဘတ် မြန်မာငွေ ၉၈ ကျပ်အထိဖြစ်သွားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks