Homeသတင်းတနင်္သာရီမြို့နယ်တွင် စစ်ကောင်စီသတင်းပေးဆိုသူနှစ်ဦး ပစ်သတ်ခံရ

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီသတင်းပေးဆိုသူနှစ်ဦး ပစ်သတ်ခံရ

-

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ အနောက်မော်တုန်းကျေးရွာအုပ်စု စစ်ကောင်စီသတင်းပေးဆိုသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။

အနောက်မော်တုန်းကျေးရွာအုပ်စု၊ ထုံနွယ်ကျေးရွာနေ အသက် ၅၀ နှစ်အရွယ် မူလတန်းကျောင်းအုပ်ဆရာမ ဒေါ်သိန်းရီဆိုသူသည် ဩဂုတ်လ ၂၀ ရက်နေ့ ည ၇ နာရီခန့်တွင် ၎င်း၏နေအိမ်တွင် တည်ရှိနေစဥ် အမည်မသိသေနတ်သမားတို့က လာရောက် ပစ်သတ်သွားခဲ့ကြောင်း ဆိုသည်။

ဒေါ်သိန်းရီသည် ထုံနွယ်ကျေးရွာမူလတန်းကျောင်း အထွေထွေဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရာမှ အာဏာသိမ်းပြီးနောက်တွင် ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သိရသည်။

“သူပစ်ခံရတာက သတင်းပေးလုပ်လို့တော့ သိရတယ်။ သူ့အကြောင်း တော်တော်များများ သိကြတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ဩဂုတ်လ ၂၀ ရက်နေ့ညကလည်း အနောက်စုရွာက အသက် ၄၀ ဝန်းကျင်အရွယ် ဦးအောင်ကိုဝင်းကိုလည်း အမည်မသိသေနတ်သမားတို့က နေအိမ်တွင် လာရောက်ပစ်သတ်ခဲ့သည်။

ဦးအောင်ကိုဝင်းသည် စစ်ကောင်စီသတင်းပေးလုပ်နေတာကြာပြီးဖြစ်ကြောင်း ယခုလအတွင်း ဒေသခံများ အဖမ်းခံရမှုဖြစ်စဥ်တွင် ၎င်း၏ သတင်းပေးမှုကြောင့် အဖမ်းခံရခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

ပစ်သတ်ခံရသည့် ဦးအောင်ကိုဝင်းနှင့် ဒေါ်သိန်းရီတို့နှင့် ပတ်သက်ပြီး ဒေသခံတို့၏ပြောဆိုချက်အပေါ် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဦးအောင်ကိုဝင်းနှင့် ဒေါ်သိန်းရီတို့ကို မည်သူက မည်သည့်အကြောင်းကြောင့် လုပ်ကြံသတ်ဖြတ်ခဲ့သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။

အဆိုပါ ဖြစ်စဥ်ဖြစ်ပြီးနောက် မော်တုန်းရွာအခြေစိုက် စစ်ကောင်စီ အမြောက်တပ် ၃၀၆ တပ်ရင်းမှ  ထုံနွယ်ရွာတဝိုက်နှင့် အနောက်စုရွာတဝိုက်ကို သြဂုတ်လ ၂၁ ရက်နေ့အထိ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သေးကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts