Homeသတင်းကန်ချနဘူရီတွင် ယာဥ်တိုက်မှုကြောင့် မြန်မာအလုပ်သမားတစ်ဦးသေ၊ ငါးဦးဒဏ်ရာရ

ကန်ချနဘူရီတွင် ယာဥ်တိုက်မှုကြောင့် မြန်မာအလုပ်သမားတစ်ဦးသေ၊ ငါးဦးဒဏ်ရာရ

-

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင် မြန်မာအလုပ်သမားများတင်ဆောင်လာသည့်ပစ်ကပ်ကားက အရှေ့ကမောင်းနှင်နေသော ၁၀ ဘီးတပ် သစ်သားတင်ကားကို အနောက်ကနေ အရှိန်ဖြင့် ဝင်တိုက်မှုကြောင့် မြန်မာအလုပ်သမားတစ်ဦး သေဆုံးကာ၊ ၅ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ထိုင်းသတင်းဌာနတို့တွင် ဖော်ပြထားသည်။

ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်အချိန်ခန့်က ကန်ချနဘူရီမြို့ ခရိုင်ပို့ဆောင်ရေးရုံးရှေ့ မီးပွိုင့်အနီးတွင် မြန်မာအလုပ်သမားများတင်ဆောင်လာသည့်ပစ်ကပ်ကားက အရှေ့ကမောင်းနှင်နေသော ၁၀ ဘီးတပ် သစ်တင်ကားကို အနောက်မှ ဝင်တိုက်မှုဖြစ်ပွားခဲ့သည်။

အဆိုပါ ယာဥ်တိုက်မှုကြောင့် ပစ်ကပ်ကားပေါ် လိုက်ပါစီးနင်းလာသည့် မြန်မာအမျိုးသမီးတစ်ဦး သေဆုံးသွားပြီး ၎င်းအမျိုးသမီး ချီထားသည် အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးကလည်း သတိလစ်နေကြောင်း ဖော်ပြထားသည်။

၎င်းပြင် ကားထဲ ပိတ်မိနေသည့် မြန်မာကားသမားနှင့် မြန်မာအလုပ်သမားများကို ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေး အဖွဲ့တို့က ကယ်ထုတ်ခဲ့ပြီး ရှေးဦးပြုစုပေးကာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ထိုင်းသတင်းဌာနတို့က ဖော်ပြသည်။

မြန်မာအလုပ်သမားများသည် စမွတ်စခွန်ခရိုင်တွင် လုပ်ကိုင်နေကြသူများဖြစ်ကြောင်း CCTV  မှတ်တမ်းများအရ ပစ်ကပ်ကားသည် သစ်တင်ကားအနောက်ကို အရှိန်ဖြင့် ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ပစ်ကပ်ကားမောင်းသမားက အိပ်ငိုက်နေပုံရကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောဆိုထားကြောင်းကို ထိုင်းသတင်းဌာနတို့က ဖော်ပြသည်။

ပစ်ကပ်ကားမောင်းသူ ဒဏ်ရာသက်သာလာပါက ဆက်လက်စစ်ဆေးမေးမြန်းသွားမည်ဖြစ်ကြောင်းလည်း ရေးသားထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts