Homeသတင်းပေါင်မြို့နယ်တွင် တစ်ရက်အတွင်း မြွေကိုက်ခံရမှုကြောင့် နှစ်ဦး သေဆုံး

ပေါင်မြို့နယ်တွင် တစ်ရက်အတွင်း မြွေကိုက်ခံရမှုကြောင့် နှစ်ဦး သေဆုံး

-

မွန်ပြည်နယ်၊ ပေါင်မြိုနယ်၊ သဲကုန်းကျေးရွာ၊ မရမ်းချောင်ကွင်းတွင် တစ်ရက်အတွင်း မြွေပွေးကိုက်ခံရပြီး အမျိုးသားသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဩဂုတ်လ ၁၂ ရက်နေ့က ညောင်ကုန်းကြီးကျေးရွာ၊ ရွာသစ်ပိုင်းနေ အသက် ၂၃ နှစ်အရွယ် မောင်အေးဝဏ္ဏဆုံသည် လယ်ယာလုပ်ငန်း လုပ်ကိုင်နေစဉ် မြွေကိုက်ခံရပြီး သေဆုံးသွားခဲ့သည်။

အလားတူ မရမ်းချောင်ကွင်းတွင် ဂဏန်းဖမ်းနေသည့် သဲကုန်းကျေးရွာ ဆေးခန်းလမ်းနေသူ အသက် ၃၈ နှစ်အရွယ် မခင်လှမွန်လည်း မြွေပွေးကိုက်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“မ‌ရမ်းချောင်ကွင်းက မြွေကို ပေါတာ။ အဲနေ့က တစ်ရက်ထဲ ကွင်းတစ်ခုထဲမှာပဲ နှစ်ယောက်လုံး ကိုက်ခံရတာ။ အချိန်ပဲကွာသွားတယ်” ဟု ၎င်းက ပြောသည်။

သဲကုန်းကျေးရွာ၊ မရမ်းချောင်ကွင်းတစ်ဝိုက်တွင် မြွေပွေးပေါ်ပြီး လယ်ယာလုပ်ငန်းလုပ်ကိုင်သူများ၊ လယ်ကွင်းအတွင်းဖြတ်သန်းသွားလာသူများ မြွေကိုက်ခံရသည့်ဖြစ်စဥ် မကြာခဏဖြစ်ပွားလေ့ရှိကြောင်း မွေးကိုက်ခံရမှုကြောင့် သေဆုံးသွားသူလည်း ရှိခဲ့ကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

မွန်ပြည်နယ်အတွင်း မြွေကိုက်ခံရသူများပြားပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မေလကုန်အထိ မြွေကိုက်ခံရသူ ၉၆ ဦးရှိပြီး၊ သေဆုံးသူ ၅ ဦးရှိခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနရှိစာရင်းအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts