Homeသတင်းဇင်းကျိုက်ရဲစခန်းက နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရ

ဇင်းကျိုက်ရဲစခန်းက နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရ

-

မွန်ပြည်နယ်၊ ပေါင်မြိူ့နယ် ပန်းကုန်းကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းမတွင် ဩဂုတ်လ ၁၂ ရက်နေ့ ညနေပိုင်းက ဇင်းကျိုက်နယ်မြေရဲစခန်းမှ နယ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဇင်းကျိုက်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ထွန်းနိုင်လင်းဆိုသူသည် ယမန်နေ့ ညနေ ၄ နာရီအချိန်ခန့်က ပန်းကုန်းကျေးရွာဘက်မှ ကတွန်ကျေးရွာဘက်သို့ ဆိုင်ကယ်ဖြင့် မောင်းနှင်သွားနေစဥ် သေနတ်သမားတို့က  အနောက်ဘက်မှ သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင် ထွန်းနိုင်လင်းသည် အခင်းဖြစ်ပွားရာနေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု ဆိုသည်။

“ရဲတပ်သားက ဆိုင်ကယ်နဲ့ ပန်းကုန်းကျေးရွာဘက်ကနေ ကတွန်ကျေးရွာဘက်ကို သွားနေတဲ့ အချိန်မှာ ပစ်ခတ်ခံရတာ။ ဘယ်သူက ပစ်သွားလဲတော့ မသိဘူး။ သေနတ်သံလေးငါးခြောက်ချက် လောက်ကြားလိုက်ရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဇင်းကျိုက်နယ်မြေရဲစခန်းမှ ရဲတပ်သားထွန်းနိုင်လင်းသည် ဇင်းကျိုက်မြို့ ပန်းကုန်းကျေးရွာနှင့် ကတွန်ကျေးရွာအပိုင် နယ်ထိန်းတစ်ဦးဖြစ်ကြောင်း လူံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။

ရဲတပ်သားထွန်းနိုင်လင်းကို မည်သူက မည်သည့်အကြောင်းကြောင့် ပစ်သတ်ခဲ့သည်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့ကလည်း ပေါင်မြို့နယ် ဥတ္တံတားကျေးရွာ ရန်‌ကုန်-မော်လမြိုင်ကားလမ်းဘေးရှိ စားသောက်ဆိုင်တစ်ခုတွင် ထိုင်နေသည့် နယ်ထိန်းရဲ စိုးဇော်အောင်နှင့် အရပ်သားတစ်ဦးလည်း  ပစ်သတ်ခံခဲ့ရသေးသည်။

မွန်ပြည်နယ် ပေါင်မြို့နယ် ပေါင်မြို့နှင့် ဇင်းကျိုက်မြို့ကြား ရန်ကုန်-မော်လမြိုင်ကားလမ်းတလျှောက်တွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့နောက်ပိုင်း ရဲတပ်ဖွဲ့ဝင် ၄ ဦး၊ ရာအိမ်မှူး ၁ ဦး နှင့် အရပ်သား ၃ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးထားကြောင်း ဒေသခံတို့၏ ပြောကြားချက်များအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts