Homeသတင်းသံဖြူဇရပ်မြို့နယ်တွင် ရိုဟင်ဂျာ ၁၄၅ ဦး ဖမ်းဆီးရမိ

သံဖြူဇရပ်မြို့နယ်တွင် ရိုဟင်ဂျာ ၁၄၅ ဦး ဖမ်းဆီးရမိ

-

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာအနီး တရားမဝင် ရိုဟင်ဂျာ ၁၄၅ ဦး ဖမ်းဆီးရမိကြောင်း သိရသည်။

ရေးမြို့ဘက်ကနေ သံဖြူဇရပ်မြို့ဘက်ကို မြေသယ်ယာဥ် ၄ စီးဖြင့် တင်ဆောင်လာသည့် မြေသယ်ယာဥ် ၄ စီးဖြင့် တင်ဆောင်လာသည့် ရိုဟင်ဂျာများကို သြဂုတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းက ရေး-သံဖြူဇရပ်ကားလမ်း   ရွာသာယာကျေးရွာအနီးတွင် သက်ဆိုင်ရာတို့က ရပ်တန့်စစ်ဆေးခဲ့ရာမှ ဖမ်းဆီးရမိခြင်းဖြစ်သည်။

ဖမ်းဆီးရမိသည့် တရားမဝင် ရိုဟင်ဂျာများတွင် ကျား ၁၂၇ ဦး၊ မ ၁၈ ဦး ပါဝင်သည်ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“သူတို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ဒုက္ခသည်စခန်းကနေ စက်လှေနဲ့ ထွက်လာတာလို့ စစ်ဆေးပေါ်ပေါက်တယ်။ သံဖြူဇရပ်မြို့နယ် သပြေချောင်းဝမှာ လှေကပ်ပြီးတော့ (မြေသယ်ယာဥ်) တွေနဲ့ ခေါ်ဆောင်လာချိန်မှာ ဖမ်းဆီးရမိတယ်” ဟု ၎င်းက ဆက်ပြောသည်။

ဖမ်းဆီးရမိထားသည့် တရားမဝင် ရိုဟင်ဂျာများကို လက်ရှိတွင် သံဖြူဇရပ်မြို့၊ စက်သစ်ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းတွင် ယာယီထားရှိထားပြီး စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

၎င်းပြင် ရိုဟင်ဂျာများ တင်ဆောင်လာသည့် ယာဥ်ပိုင်ရှင်ကိုလည်း စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း ဆိုသည်။

၂၀၂၃ ခုနှစ်အတွင်း မွန်ပြည်နယ် သံဖြူဇရပ်၊ မုဒုံ၊ မော်လမြိုင် အစရှိသည့် မြို့နယ်တို့တွင် အထောက်အထားမဲ့ ရိုဟင်ဂျာ ၅၀၀ ဦးထက်မနည်း ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အပါအဝင် နိုင်ငံတ၀ှမ်းတွင် အထောက်အထားမဲ့ ရိုဟင်ဂျာလူမျိုးများ ဖမ်းဆီးခံရသည့် ဖြစ်စဉ် မကြာခဏဖြစ်ပွားလေ့ရှိနေသည့်အပြင်း တချို့ဆို တရားခံမပေါ်ဘဲ လမ်းတွင်ပင် သတ်ဖြတ်ခံရသည့်ဖြစ်စဥ်လည်း ရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts