Tuesday, March 24, 2026
More
    spot_img
    Homeသတင်းPDF နှင့် ပတ်သက်သည်ဆိုပြီး သိမ်ဇရပ်ဒေသခံတစ်ဦး ဖမ်းဆီးအမှုဖွင့်ခံရ

    PDF နှင့် ပတ်သက်သည်ဆိုပြီး သိမ်ဇရပ်ဒေသခံတစ်ဦး ဖမ်းဆီးအမှုဖွင့်ခံရ

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ အမှတ်(၃) ရပ်ကွက်နေ ကိုစန်းထွန်းဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ပတ်သက်သည်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီး အမှုဖွင့်ခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ကိုစန်းထွန်းဦးကို သြဂုတ်လ ၂ ရက်နေ့က ရိုက်နက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက်  ထောင်ဒဏ်တစ်သက်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ဈ)၊ ၅၂(က) တို့နှင့် သိမ်ဇရပ်ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်ဟု ဆိုသည်။

    “အဲဒီလူငယ်က ရေဆေးခုံမှာ အလုပ်လုပ်တာ၊ ဘယ်အဖွဲ့အစည်းနဲ့မှလည်း ပတ်သက်တာ မရှိဘူး၊ ဒါကို ဗုံးပေါက်ပြီး တရားခံ ရှာမရတော့ အမှုဆင်ပြီး လုပ်ကြံဖမ်းဆီးသွားတာ” ဟု သိမ်ဇရပ်မြို့ခံတစ်ဦးက ပြောသည်။

    ဖမ်းဆီးအမှုဖွင့်ခံထားရသည့် ကိုစန်းထွန်းဦးသည် ရိုက်နှက်နှိပ်စက်ခံထားရသည့်ဒဏ်ရာများဖြင့် သြဂုတ်လ ၆ သိမ်ဇရပ်ဆေးရုံတွင် ဆေးကုသမှုခံခဲ့ရသေးသည်ဟု သိရသည်။

    စစ်ကောင်စီထောက်ခံတယ်လီဂရမ်ချန်နယ်မှာတော့ ကိုစန်းထွန်းဦးသည် သိမ်ဇရပ်ရဲစခန်း၊ မုပ္ပလင်စစ်ဆေးရေးဂိတ်တို့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း ထွက်ဆိုထားသည်ဟု ရေးသားထားသည်။

    သိမ်ဇရပ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ပတ်သက်သည်ဆိုသည့်အကြောင်းပြချက်ဖြင့် ဒေသခံတို့ ဖမ်ဆီး အမှုဖွင့်ခံရမှု မကြာခဏဖြစ်ပွားနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks