Homeသတင်းသံလွင်တံတား (မော်လမြိုင်) ပေါ်မှ သံဃာတစ်ပါး သံလွင်မြစ်အတွင်း ခုန်ချမှုဖြစ်

သံလွင်တံတား (မော်လမြိုင်) ပေါ်မှ သံဃာတစ်ပါး သံလွင်မြစ်အတွင်း ခုန်ချမှုဖြစ်

-

သံလွင်တံတား (မော်လမြိုင်) ပေါ်မှ သံဃာတစ်ပါး ယနေ့ သြဂုတ်လ ၂ ရက်နေ့ နံနက်ပိုင်းက သံလွင်မြစ်အတွင်းသို့ ခုန်ချမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့နံနက် ၁၁ နာရီဝန်းကျင်အချိန်ခန့်က ပေါင်မြို့နယ်၊ မုတ္တမမြို့၊ ရွှေရင်အေးကျောင်းမှ သက်တော် ၅၇ နှစ်ရှိ ဥူးအာစိန္တနှင့် သက်တော် ၄၉ နှစ်ရှိ ကိုရင်ကြီး ဥူးကောသလ္လ (ခ) ဦးကံဖန်တို့နှစ်ပါးသည် သုံးဘီးယာဥ်ဖြင့် မော်လမြိုင်မြို့တွင် ဆေးခန်းပြရန် ထွက်ခွာလာစဉ် သံလွင်တံတား (မော်လမြိုင်) ရေလယ်တိုင်အမှတ် (PR – 11) နှင့် (PR – 12) ကြားအရာက်တွင် ကိုရင်ကြီး ဥူးကောသလ္လမှ အလေးစွန့်ချင်သည်ဟုဆိုသည့်အတွက် သုံးဘီးယာဥ်အား ခေတ္တရပ်ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ကိုရင်ကြီး ဥူးကောသလ္လတစ်ပါးတည်းဆင်းသွားပြီး မုတ္တမမှ မော်လမြိုင်ဘက်သို့အသွား တံတား၏ ယာဘက်ခြမ်း၊ လူသွားစင်္ကြန်ဘက်သို့ ကူးသွားကာ တံတားလက်ရန်းဘောင်ကျော်ပြီး သံလွင်မြစ်အတွင်း ခုန်ချသွားခြင်းဖြစ်သည်။

“လောလောဆယ် အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေရေးတွေလုပ်ဆောင်နေပါတယ်” ဟု မော်လမြိုင်မြို့မှ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

သံလွင်မြစ်အတွင်း ခုန်ချသွားသည့် ကိုရင်ကြီး ဥူးကောသလ္လအား မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန Rescue Team နှင့် မော်လမြိုင်မြို့ရှိ အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက သံလွင်မြစ်အတွင်း ရှာဖွေရေးများလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,700SubscribersSubscribe

Latest posts