Homeသတင်းမုဒုံမြို့နယ်၊ တောၚ်ပကျေးရွာတွင် လေပြၚ်းတိုက်ခတ် စာသင်ကျောင်းနှင့် နေအိမ် ၁၃ လုံးခန့် ပျက်စီး

မုဒုံမြို့နယ်၊ တောၚ်ပကျေးရွာတွင် လေပြၚ်းတိုက်ခတ် စာသင်ကျောင်းနှင့် နေအိမ် ၁၃ လုံးခန့် ပျက်စီး

-

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ တောၚ်ပကျေးရွာတွင် သြဂုတ်လ ၂ ရက်နေ့ နံနက် ၃ နာရီဝန်းကျင်အချိန်ခန့်က လေပြၚ်းတိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး စာသင်ကျောင်းတစ်ကျောင်းနှင့် လူနေအိမ် ၁၃ လုံးခန့် ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

“မိုးရွာသွန်းမှုတော့ မရှိဘူး။ အိမ်တိုၚ်းထိတာတော့ မဟုတ်ဘူး။ ထိတဲ့နေရာပဲထိတယ်။ သစ်ပင်ပြိုလဲပြီးတော့ အိမ်ခေါၚ်မိုးပေါ်ကျတယ်။ ဆိုၚ်ခန်းပျက်စီးမှုတွေလည်းရှိတယ်” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။  

လေပြင်းတိုက်ခတ်မှုကြောင့် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးမှုရှိသော်လည်း လူထိခိုက်မှုမရှိကြောင်းလည်း ဆိုသည်။

မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ သံဖြူဇရပ်၊ မုဒုံ၊ သထုံ အစရှိသည့်မြို့နယ်အတွင်း၌ လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး အဆောက်အဦး ထိခိုက်ပျက်စီးမှုရှိခဲ့သည့်အပြင် လူထိခိုက်မှုလည်းရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts