spot_img
Saturday, March 7, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်က အကျဥ်းသား ၅၀၀ ဦး ပြန်လွတ်

    မွန်ပြည်နယ်က အကျဥ်းသား ၅၀၀ ဦး ပြန်လွတ်

    -

    မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်နှင့် အလုပ်စခန်းအသီးသီးတို့တွင် အကျဥ်းကျခံနေရသည့် အကျဥ်းသားများအနက် အကျဉ်းသား ၅၀၀ ဦး ပြန်လည်လွတ်လာကြောင်း အကျဉ်းဦးစီးဌာနထံမှ သိရသည်။

    သြဂုတ် ၁ ရက်နေ့တွင် ကျရောက်တွင် ဒုတိယဝါဆိုလပြည့်နေ့ ဓမ္မစကြာနေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက နိုင်ငံတဝန်းက အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဥ်းစခန်းအသီးသီးမှ အကျဥ်းသား အကျဥ်းသူ ၇၇၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ရာမှာ မွန်ပြည်နယ်က အကျဥ်းသား ၅၀၀ ဦး ပါဝင်သည်။

    ပြန်လွတ်လာသူ ၅၀၀ တွင် ကျိုက်မရော ဗဟိုအကျဉ်းထောင်မှ ၉၆ ဦး၊ မော်လမြိုင် အချုပ်ထောင်မှ အကျဉ်းသား ၆၅ ဦး၊ အကျဉ်းသူ ၃၇ ဦး၊ သထုံအကျဉ်းထောင်မှ ၁၁၉ ဦး၊ အင်္ဂဘိုကျောက်ထုတ်စခန်းမှ ၃၈ ဦး၊ တောင်စွန်းကျောက်ထုတ်စခန်းမှ ၁၂ ဦး၊ ဇင်းကျိုက်ကျောက်ထုတ်စခန်းမှ ၁၆ ဦး၊ ရင်းငြိမ်ကျောက်ထုတ်စခန်းမှ ၂၉ ဦး၊ အင်ဗြောင်ကျောက်ထုတ်စခန်းမှ ၈ ဦး၊ မာလာဖူးကျောက်ထုတ်စခန်းမှ ၁၂ ဦး၊ မုပ္ပလင် ကျောက်ထုတ်စခန်းမှ ၆၈ ဦးတို့ပါဝင်သည်။

    ပြန်လွတ်လာသူများတွင် အကျဉ်းသား ၄၁၀ ဦးနှင့် အကျဉ်းသူ ၉၀ ဦးတို့ ဖြစ်သည်ဟု အကျဥ်းဦးစီးဌာနထံမှ သိရသည်။

    ဩဂုတ်လ ၁ ရက်နေ့က နိုင်ငံတဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ အလုပ်စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား အကျဥ်းသူ ၇၇၄၉ ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ – ၄၀၁၊ ပုဒ်မခွဲ (၁) အရ စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သည်။

    လွတ်မြောက်လာသူများသည် နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြန်လွတ်လာခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks