Homeသတင်းဘီးလင်းတွင် ရွှေဆိုင်ပိုင်ရှင်အပါအဝင် ဒေသခံ ၉ ဦး ဖမ်းဆီးခံရ

ဘီးလင်းတွင် ရွှေဆိုင်ပိုင်ရှင်အပါအဝင် ဒေသခံ ၉ ဦး ဖမ်းဆီးခံရ

-

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း ပြီးခဲ့သည့်တစ်ပတ်အတွင်းက ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးနှင့် CDM ဆရာမ အပါအဝင် ၉ ဦး ဖမ်းဆီးခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက်နေ့က စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တို့က ဘီးလင်းမြို့ အမှတ် ၈ ရပ်ကွက်က ဒေသခံ ၂ ဦးနှင့် ဆရာစံရပ်ကွက်က ဒေသခံ ၃ ဦး၊ တောင်စွန်းကျေးရွာက ဒေသခံ ၄ ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဖမ်းဆီးခံရသူများထဲတွင် မိဘမေတ္တာရွှေဆိုင်ပိုင်ရှင် ကိုဇော်ဝင်းဦး၊ CDM ဆရာမ ဒေါ်အေးအေးခိုင်၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း မအိဖြူဇင်တို့လည်း ပါဝင်သည်ဟု သိရသည်။

ဖမ်းဆီးခံရသည့် မိဘမေတ္တာရွှေဆိုင်ပိုင်ရှင် ကိုဇော်ဝင်းဦးကတော့ ငွေပေးပြီး ပြန်လွတ်လာခဲ့သော်လည်း  ကျန်သူများကိုတော့ ဆက်လက်ဖမ်းဆီးထားဆဲလို့လည်း ဒေသခံတို့က ပြောသည်။

ဖမ်းဆီးခံရသူများကို စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မအပြင် ရာဇသတ်ကြီး ဥပဒေပုဒ် ၅၀၅ (က) တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း(AAPP) ၏ သြဂုတ်လ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်း နှစ်နှစ်ကျော်ကာလအတွင်း အရပ်သားပြည်သူ ၂၀၀၀၀ နီးပါး ဆက်လက်ဖမ်းဆီးခံထားရသည်ဟု ဆိုသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts