spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းလောင်းလုံးမြို့နယ်အတွင်း တိုက်ပွဲတွင် PDF တပ်ဖွဲ့ဝင် ၃ ဦးကျဆုံး

    လောင်းလုံးမြို့နယ်အတွင်း တိုက်ပွဲတွင် PDF တပ်ဖွဲ့ဝင် ၃ ဦးကျဆုံး

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ခမောင်းတောင်ကျေးရွာနှင့်  စခန်းကြီးကျေးရွာအကြား ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲကြောင့် လောင်းလုံးမြို့နယ်ပြည်သူအုပ်ချုပ်ရေးတပ်ဖွဲ့ (LLPDF) မှ တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးသွားခဲ့ကြောင်း LLPDF က ထုတ်ပြန်ထားသည်။

    ဇူလိုင်လ ၂၂ ရက်နေ့၊ နံနက်ပိုင်းက ခမောင်းတောင်ကျေးရွာဘက်သို့ စစ်‌‌ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ပြည်သူကာကွယ်ရေးတပ်ဖွဲ့တို့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

    တိုက်ပွဲအတွင်း လောင်းလုံးမြို့နယ်ပြည်သူအုပ်ချုပ်ရေးတပ်ဖွဲ့မှ ရဲဘော် ကိုအဲ့၊ ရဲဘော် F-One နှင့် ရဲဘော်ဝတုတ်တို့ ၃ ဦး ကျဆုံးသွားသည်ဟု ဟု LLPDF က ဇူလိုင်လ ၂၇ ရက်နေ့က ထုတ်ပြန်ထားသည်။

    “တိုက်ပွဲအတွင်းမှာ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ရဲဘော်ကိုအဲ့၊ ရဲဘော် F-One နဲ့ ရဲဘော် ကိုဝတုတ်တို့ ၃ ဦး ကျဆုံးသွားတယ်” ဟု လောင်းလုံးမြို့နယ်ပြည်သူအုပ်ချုပ်ရေးတပ်ဖွဲ့ (LLPDF) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    နှစ်ဖက် ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးမှုရှိကြောင်း အရေအတွက် အတိအကျကိုတော့ ဆက်လက်စုံစမ်းနေဆဲဟု ဆိုသည်။

    စစ်ကောင်စီ စစ်ကြောင်းသည် ဇူလိုင် ၂၇ ရက်နေ့အထိ ခမောင်းတောင်ကျေးရွာအနီးဝန်းကျင်တွင် တပ်စွဲထားသည့်အတွက် နှစ်ဖက်စစ်ရေး တင်းမာနေသည့်အခြေအနေရှိနေကြောင်းလည်း သိရသည်။

    တိုက်ပွဲတွေကြောင့် ခမောင်းတောင်၊ စခန်းကြီး၊ နာခံတော၊ ဖွားဘုတ်ပြင်ကျေးရွာ အစရှိသည့် ကျေးရွာ ၄ ရွာတို့မှ ဒေသခံပြည်သူ ၁၂၀၀ ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

    စစ်ကောင်စီတပ်များသည် ဇူလိုင်လ ၁၂ ရက်မှ ၂၆ ရက်အထိ ခမောင်းတောင်ရွာနှင့် စခန်းကြီးကျေးရွာဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဒေသခံများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြုမှုရှိခဲ့သည့်အပြင် နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတို့ ပြောဆိုချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks