spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းဘီးလင်းတွင် ရွှေဆိုင်လုယက်ခံရမှုဖြစ်ပွား

    ဘီးလင်းတွင် ရွှေဆိုင်လုယက်ခံရမှုဖြစ်ပွား

    -

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာအုပ်စု၊ ဘုရင့်နောင်ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် “မနီမာ” ရွှေဆိုင်တွင် ရွှေလုယက်ခံရမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ဇူလိုင် ၂၃ ရက်၊ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်က ဆိုင်ကယ်ဖြင့် အမျိုးသားတစ်ဦးရောက်ရှိလာပြီး ရွှေဆိုင်ထဲဝင်ကာ ရွှေထည်ပစ္စည်းများ ပြသခိုင်းပြီး ၃ ကျပ်သားဝန်းကျင်ရှိ လက်ကောက်တစ်ကွင်းကို လုယူ ထွက်ပြေးခဲ့ကြောင်း အဆိုပါရွှေဆိုင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    “ဆိုင်ကယ်ဦးထုတ်ဆောင်းထားတော့ ဆိုင်ဝန်ထမ်းတွေရော လုံခြုံရေးကင်မရာမှာ‌ရော ဘယ်သူမှ မျက်နှာမမြင်လိုက်ရဘူး။ ပစ္စည်းပြခိုင်းတယ်။ အဲထဲကမှ သုံးကျပ်သားတစ်ကွင်း ယူပြီး ပြေးထွက်သွားတယ်” ဟု ၎င်းက ပြောသည်။

    လုယက်ခံရသည့် ရွှေ ၃ ကျပ်သားဝန်းကျင် လက်ကောက်၏ ခန့်မှန်းတန်ဖိုးသည် ငွေကျပ် သိန်း ၁၀၀ ခန့် ရှိကြောင်း သိရသည်။

    အဆိုပါ ဖြစ်စဥ်နှင့် ပတ်သတ်ပြီး ရွှေလက်ကောက်လုယူထွက်ပြေးသွားသူကို ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူတို့က စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

    ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရန်ကြီးအောင်ရပ်ကွက်ရှိ “ရွှေလဝန်း” ရွှေဆိုင် လုယက်ခံရမှုဖြစ်ပွားခဲ့ပြီး သိန်းပေါင်းထောင်နှင့်ချီတန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ပါသွားခဲ့သည်။

    အလားတူ ရေးမြို့နယ်၊ မော့ကနင်းကျေးရွာရှိ ရွှေဆိုင်တစ်ဆိုင်နှင့် မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်ရှိ ရွှေမြို့တော်ရွှေဆိုင်၊ ရွှေးအုန်းပင်ရွှေဆိုင်းတို့တွင်လည်း ရွှေထည် လုယက်ခံရမှုဖြစ်ပွားခဲ့သေးသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်း၌ ရွှေဆိုင်လုယက်ခံရမှုများအပြင် လမ်းသွားရင်း လုယက်ခံရသည့်ဖြစ်စဥ်၊ ခိုးမှုများ၊ နေအိမ်ဖောက်ထွင်းခံရမှုများ ဆက်တိုက်ဖြစ်ပွားလာနေသည်ဟု သိရသည်။

    ၎င်းပြင် ဆိုင်ကယ် taxi သမားများ၊ ဆိုင်ကယ်သမားများ အသတ်ခံရပြီး ဆိုင်ကယ်လုယူခံရသည့်ဖြစ်စဥ်လည်း မကြာခနဖြစ်ပွားနေသည်ဟုလည်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks