spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းသထုံကားလမ်းတွင် မိုင်းပေါက်ကွဲပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ

    သထုံကားလမ်းတွင် မိုင်းပေါက်ကွဲပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ

    -

    မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ဇူလိုင်လ ၁၁ ရက်နေ့ နံနက်ပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဘေးတွဲဆိုင်ကယ်မောင်းနှင်လာသည့်အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

    ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်ခန့်က သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာ ဘုန်ကြီးကျောင်းအနီး ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် ၁၄၇/၅ နှင့် ၁၄၇/၆ ကြားတွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    မိုင်းပေါက်ကွဲချိန်တွင် နောင်ကုလားကျေးရွာဘက်မှ သထုံမြို့ဘက်သို့ ဖြတ်သန်းမောင်းနှင်လာသည့် ဘေးတွဲဆိုင်ကယ်တစ်စီးအား ထိမှန်သွားခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

    မိုင်းထိမှန်မှုကြောင့် ဘေးတွဲဆိုင်ကယ်မောင်းနှင်သူ နောင်ကုလားနေ အသက် ၄၅ နှစ်အရွယ် ဦးအောင်မြင့်ကြည် (ခ) ကိုမောင်စီးဆိုသူ၏ ဝမ်းဗိုက်၊ ဝဲဘက်ပေါင်နှင့် ယာ‌ဘက်ခြေထောက်တို့တွင် မိုင်းစထိမှန်ကာ ထိခိုက်ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့သည်။

    “ဘေးတွဲဆိုင်ကယ်က ဖြတ်သွားနေတဲ့အချိန်မှာ ပေါက်ကွဲသွားတော့ ထိသွားတာ။ တခြားထိခိုက်ဒဏ်ရာရတဲ့သူတော့ မရှိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

    မိုင်းစထိမှန်ဒဏ်ရာရရှိသူကို လူမှုကယ်ဆယ်ရေးအဖွဲ့အကူအညီဖြင့် သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

    သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာနှင့် ကလိကျွန်းကျေးရွာကြား ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့ကလည်း ဆိုင်ကယ်စီးလာသည့်အမျိုးသားနှစ်ဦး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး တစ်ဦး မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့သေးသည်။

    မွန်ပြည်နယ်၊ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြား ရန်ကုန်-မော်လမြိုင်ကားလမ်းတလျှောက်တွင် စစ်ကောင်စီယာဉ်တန်းများ မကြာခဏ တိုက်ခိုက်ခံရလေ့ရှိသည့်အပြင် ခရီးသည်တင်ယာဥ်၊ ကုန်တင်ယာဥ်များ၊ လူမှုကယ်ဆယ်ရေးယာဥ်များနှင့် ဆိုင်ကယ်များ၊ ဘေးတွဲဆိုင်ကယ်များ ပစ်ခတ်တိုက်ခိုက်ခံရသည့်ဖြစ်စဥ်၊ မိုင်းဆွဲတိုက်ခိုက်ခံရသည့်ဖြစ်စဥ် မကြာခဏဖြစ်လေ့ရှိသည်။

    မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင်း အရပ်သား ထိခိုက်တာ သေဆုံးတာတွေလည်း ရှိနေသည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks