spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းတနင်္သာရီတိုင်းတွင် တစ်လအတွင်း အရပ်သား ၂၃ ဦး သတ်ဖြတ်ခံရ

    တနင်္သာရီတိုင်းတွင် တစ်လအတွင်း အရပ်သား ၂၃ ဦး သတ်ဖြတ်ခံရ

    -

    တနင်္သာရီတိုင်းဒေသကြီးတွင် ဇွန်လတစ်လအတွင်း အရပ်သား ၂၃ ဦး သတ်ဖြတ်ခံရကြောင်း FE5 Tanintharyi သုတေသနအဖွဲ့က ထုတ်ပြန်ထားချက်အရ သိရသည်။

    သေဆုံးသူ ၂၃ ဦးထဲတွင် စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့် အရပ်သား ၁၀ ဦးခန့်ရှိပြီး စစ်ကြောရေး၌ နှိပ်စက်မေးမြန်းမှုကြောင့် သေဆုံးသွားသည့် ဖြစ်စဉ်လည်း ရှိခဲ့သည်ဟု ဆိုထားသည်။

    ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ဒလန်ရှင်းလင်းရေး လုပ်ငန်းစဉ်ကြောင့် ပျူစောထီး ၅ ဦးအပါအဝင် သေဆုံးသူ ၆ ဦးရှိခဲ့ပြီး စစ်ဆေးရန်တားဆီးချိန်တွင် မရပ်ပေးသဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦးသေဆုံးခဲ့ကာ လက်သည်မပေါ်ဘဲ အသတ်ခံရသူလည်း ၇ ဦးအထိ ရှိခဲ့သည်ဟု ဖော်ပြထားသည်။

    ဇွန်လတွင် စစ်ကောင်စီမှ အကြောင်းအမျိုးမျိုးပြပြီး အရပ်သား ၁၇၀ ဦးထက်မနည်းကို ဖမ်းဆီးခဲပြီး ၂ ဦးသေဆုံးကာ ၁၁၀ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ကျန်သူများကို ပြစ်ဒဏ်ကြီးပုဒ်မဖြင့် အမှုဖွင့်အရေးယူထားသလို ဆက်လက်စစ်ဆေးခံနေရသူများလည်းရှိသည်ဟု ဆိုသည်။

    သေဆုံးအရပ်သားများသည် ပုလောမြို့နယ်မှ ၈ ဦး၊ ကော့သောင်း၊ လောင်းလုံး၊ သရက်ချောင်းမြို့နယ်တို့မှ ၃ ဦးစီ၊ မြိတ်နှင့် တနင်္သာရီမြို့နယ်တို့မှ ၂ ဦးစီနှင့် ကျန်မြို့နယ်တို့မှာ ၁ ဦးစီ ပါဝင်ပါတယ်။

    တနင်္သာရီတိုင်းတွင် တိုက်ပွဲဖြစ်ပွားမှု တစ်လထက်တစ်လ ပိုမိုပြင်းထန်လာပြီး ဇွန်လအတွင်း၌ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ၄၁  ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်း၊ စစ်ဆေးရေးဂိတ်နှင့် ပျူစောထီးစခန်းများ တိုက်ခိုက်ခံရသည့်ဖြစ်စဉ် အကြိမ်၂၀ အထိရှိခဲ့သည်။ 

    စစ်ကောင်စီဘက်က လက်နက်ကြီး၊ လေကြောင်း၊ ရေကြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ပိုမိုပြုလုပ်လာပြီး ကျေးရွာများအတွင်း လက်နက်ကြီးကျည်ကျ၍ လူသေဆုံးမှုများ၊ ပျက်စီးဆုံးရှုံးမှုများ ပိုမိုဖြစ်ပွားလာသလို ရွာလုံးကျွတ်စစ်ဘေးရှောင်မှုများလည်း ပိုမိုများပြားလာသည်ဟု ထုတ်ပြန်ထားသည်။ 

    ဇွန်လအတွင်း သရက်ချောင်းမြို့နယ်ရှိ ရငဲ၊ ကနက်သီရိအပါအဝင် အနီးဝန်းကျင်ကျေးရွာများကို စစ်ကောင်စီက ရေကြောင်း၊ ကုန်ကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းနှင့် စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ထောင်နှင့်ချီသည့်ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ 

    ဇွန်လအတွင်း စစ်ဘေးရှောင်များ ထပ်တိုးလာမှုကြောင့် တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင် စုစုပေါင်း ၃၅၀၀၀ ကျော်အထိ ရှိလာပြီး စားနပ်ရိက္ခာနှင့် ဆေးဝါး လိုအပ်ချက်မြင့်မားလျက်ရှိသည်ဟု ဆိုသည်။

    ကုန်စျေးနှုန်း ကြီးမြင့်မှုကြောင့်လည်း စစ်ဘေးရှောင်များကို အကူအညီပေးနေသည့် အဖွဲ့များလည်း ငွေကြေးအခက်အခဲများ ကြုံတွေ့နေကြရသည်ဟု FE5 Tanintharyi အဖွဲ့က ထုတ်ပြန်ထားသည့်အချက်အလက်များအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks