spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းမွန်တွင် ကြက်သွန်ဖြူစျေး တစ်ပိဿာ ကျပ်တစ်သောင်းနီးပါးအထိ မြင့်တတ်လာ

    မွန်တွင် ကြက်သွန်ဖြူစျေး တစ်ပိဿာ ကျပ်တစ်သောင်းနီးပါးအထိ မြင့်တတ်လာ

    -

    မွန်ပြည်နယ်စျေးကွက်အတွင်း ကြက်သွန်ဖြူ တစ်ပိဿာ ကျပ်တစ်သောင်းနီးပါးအထိ စျေးမြင့်တက်လာကြောင်း သိရသည်။

    ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းက ကြက်သွန်ဖြူ ထူးငါးအမျိုးအစား စျေးနှုန်းသည် တစ်ပိဿာလျှင် ၆၀၀၀ ကျပ်ရှိခဲ့ရာမှ ဇွန်လ တတိယပတ်ခန့်မှစကာ တစ်ပိဿာ ၇၃၀၀ ကျပ် စျေးတက်လာခဲ့ကြောင်း စျေးကွက်အတွင်းမှ သိရသည်။

    ယခု ဇူလိုင်လအတွင်းမှာတော့ ကြက်သွန်ဖြူစျေး တစ်ပိဿာ ၉၅၀၀ ကျပ်ကျော်အထိ စျေးမြင့်တတ်လာသည်ဟု မုဒုံမြို့မှ ကုန်စုံဆိုင်ရှင်တစ်ဦးက ပြောသည်။  

    “ကြက်သွန်ဖြူစျေးနှုန်းကတော့ ပြီးခဲ့တဲ့ သုံးပတ်လောက်ကတည်းက စတတ်နေတယ်။ ကြက်သွန်ဖြူ၊ အာလူး၊ ပဲကြမ်း စသဖြင့် အထက်မြန်မာပြည်က တင်သွင်းလာသမျှ ပစ္စည်းတွေ အကုန်စျေးတတ်လာကြတယ်” ဟု ၎င်းက ဆိုသည်။

    စျေးကွက်ထဲ ကြက်သွန်ဖြူ အဝင်နည်းလာသည့်အတွက် စျေးနှုန်း ဆက်တိုက် မြင့်တက်လာခြင်းဖြစ်ကြောင်း ကြက်သွန်ဖြူ အရောင်းအဝယ်ပြုလုပ်နေသူတို့ထံမှ သိရသည်။

    စျေးကွက်အတွင်း ကြက်သွန်ဖြူစျေး မြင့်တက်နေသော်လည်း အရောင်းအဝယ်ကတော့ မုံမှန်ဖြစ်နေသည်ဟု ကုန်စုံဆိုင်ရှင်တို့က ပြောသည်။

    “စျေးတက်ပေမယ့်လည်း အရောင်းအဝယ်က အရင်လိုပဲ ရောင်းနေရတယ်” ဟု ကြက်သွန်ဖြူ ရောင်းဝယ်နေသူတစ်ဦးက ပြောသည်။

    မွန်ပြည်အတွင်း အထူးသဖြင့် ဘီးလင်းနှင့် သထုံမြို့နယ်ကြား ကားလမ်းတလျှောက် ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားနေခြင်းနှင့် တံတားဖျက်ဆီးခံထားရမှုကြောင်း ကုန်ကားများ သွားလာရခက်ခဲလာသည့်အတွက် ကားခနှုန်းထားများ စျေးမြင့်လာကြောင်း ကားခစျေးနှုန်းနှင့်အတူ ပြည်နယ်အတွင်း တင်သွင်းရောင်းချရသည့် ကုန်ပစ္စည်းများလည်း စျေးလိုက်တက်လာသည်ဟု ကုန်အရောင်းအဝယ်ပြုလုပ်နေသူတို့ထံမှ သိရသည်။

    မွန်ပြည်နယ်အတွင်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီများအပြင် ကုန်စျေးနှုန်းများ ဆက်တိုက်မြင့်တက်လာခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks