spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းစစ်အာဏာရှင်ကို ခုခံတော်လှန်သည့် လူမျိုးတိုင်း၊ အဖွဲ့အစည်းတိုင်းနှင့် လက်တွဲမည်ဟု KNU ဥက္ကဋ္ဌ ပြော

    စစ်အာဏာရှင်ကို ခုခံတော်လှန်သည့် လူမျိုးတိုင်း၊ အဖွဲ့အစည်းတိုင်းနှင့် လက်တွဲမည်ဟု KNU ဥက္ကဋ္ဌ ပြော

    -

    စစ်အာဏာရှင်နှင့် အာဏာရှင်များကို ခုံခံတော်လှန်နေကြသည့် လူမျိုးတိုင်း၊ အဖွဲ့အစည်းတိုင်းနှင့် လက်တွဲလုပ်ဆောင်မည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

    ယနေ့ ဇူလိုင် ၅ ရက်နေ့တွင် ကျရောက်သော ၇၄ နှစ်မြောက် ကရင့်အမျိုးသားလွတ်မြောက်ရေး (ကော်သူးလေ) တပ်မတော်နေ့ အထိမ်းအမှတ် ပေးပို့သည့် သဝဏ်လွှာတွင် KNU ဥက္ကဋ္ဌက ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။

    လက်ရှိ နိုင်ငံရေးစစ်ရေးအခြေအနေများသည် မိမိတို့ သမိုင်းတစ်လျှောက် ဖြစ်ပျက်ခဲ့သည့် အခြေအနေများနှင့် လုံးဝမတူညီကြောင်း၊ စစ်ကောင်စီသည် ပြည်သူများကို ရန်သူသဖွယ် သဘောထားကာ ရပ်ရွာများ၊ ဆေးရုံဆေးခန်းများ၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာဉ်ကျောင်းနှင့် စာသင်ကျောင်းများကို လက်နက်ကြီးဖြစ် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကျဲခြင်းများ လုပ်ဆောင်နေကြောင်း သဝဏ်လွှာတွင် ရေးသားထားသည်။

    ထို့ကြောင့် စစ်အာဏာရှင်နှင့် အာဏာရှင်များကို ခုံခံတော်လှန်နေကြသည့် လူမျိုးတိုင်း၊ အဖွဲ့အစည်းတိုင်းနှင့် လက်တွဲလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ကရင်အမျိုးသားများနှင့်အတူ ကရင့်အမျိုးသားများ၏ နိုင်ငံရေး၊ ရည်ရွယ်ချက်များ ပြီးပြည့်စုံစေရန် နိုင်ငံရေးသတိ အစဥ်ရှိရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

    KNU ၏ နိုင်ငံရေးရပ်တည်ချက်နှင့် နိုင်ငံရေး ရည်မှန်းချက်ပန်းတိုင်သည် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကို တည်ဆောက်ရန်အတွက်ဖြစ်ပြီး ထိုရည်မှန်းချက်ပန်းတိုင်များ ပြီးမြောက်အောင်မြင်သည်အထိ ကြိုးပမ်းအားထုတ်ကြရမည်ဟုလည်း ဆိုထားသည်။

    ကရင်အမျိုးသားအစည်းအရုံး (KNU) ကို ၁၉၄၉ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့တွင် စတင်စုစည်းခဲ့ကာ ၁၉၅၆ ခုနှစ်အတွင်း ပြုလုပ်ခဲ့သည့် ကရင့်အမျိုးသားလုံးဆိုင်ရာကွန်ကရက်တွင် ကော်သူးလေတပ်မတော်၏ ဖွဲ့စည်းပုံကို ပြုပြင်မွန်းမံခဲ့ပြီး ဇူလိုင် ၅ ရက်နေ့တွင် ကော်သူးလေတပ်မတော်အဖြစ် စုစည်းခဲ့သည်။

    လက်ရှိတွင် ကရင်အမျိုးသားအစည်းအရုံး (KNU)သည် နွေဦးတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းကာ စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks