Homeသတင်းမော်လမြိုင်တွင် အချုပ်ထောင်အသစ်တစ်ခု တည်ဆောက်နေ

မော်လမြိုင်တွင် အချုပ်ထောင်အသစ်တစ်ခု တည်ဆောက်နေ

-

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အချုပ်ထောင်အသစ်တစ်ခု တည်ဆောက်နေကြောင်း ပြည်နယ်အစိုးရနှင့် နီးစပ်သူတို့ထံမှ သိရသည်။

အကျဥ်းထောင်အသစ်ကို မော်လမြိုင်မြို့နယ်၊ မင်းရွာကျေးရွာနေ တည်ဆောက်နေပြီး လက်ရှိတွင် ဗဟိုကင်း သုံးထပ်အဆောက်အအုံ၊ အကျဉ်းသား နှစ်ထပ်အိပ်ဆောင်၊ ထမင်းစားဆောင်၊ ခြံစည်းရိုးကာရံခြင်းနှင့် ဝန်ထမ်းအိမ်ယာများ ဆောက်လုပ်ပြီးစီးနေပြီဟု ဆိုသည်။

မော်လမြိုင်အကျဉ်းထောင်အသစ်ကို သတ်မှတ် စံညီစံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မှီ ပြီးစီးနိုင်ရန် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်က သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့သည်။

မွန်ပြည်နယ်အတွင်း ကျိုက်မရော ဗဟိုအကျဉ်းထောင်၊ မော်လမြိုင် အချုပ်ထောင်၊ သထုံအကျဉ်းထောင်များအပြင် အကျဉ်းစခန်း၊ အလုပ်စခန်း ၁၀ ခုထက်မနည်းရှိနေပြီး နိုင်ငံရေးအကျဥ်းသားများကိုတော့ ကျိုက်မရောဗဟိုအကျဥ်းထောင်နှင့် သထုံအကျဥ်းထောင်တို့တွင် ချုပ်နှောင်ထားသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts