Homeသတင်းအသက်မွေးဝမ်းကျောင်းပညာသင်တန်း အပတ်စဥ်-၃ အတွက် သင်တန်းသားစခေါ်

အသက်မွေးဝမ်းကျောင်းပညာသင်တန်း အပတ်စဥ်-၃ အတွက် သင်တန်းသားစခေါ်

-

မွန်ပြည်သစ်ပါတီ၊ မွန်အမျိုးသားပညာရေးဌာနမှ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းပညာသင်တန်း (အပတ်စဥ်-၃) ကို ဇူလိုင်လ ၁၆ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း ကြေညာထားသည်။

အသက်မွေးဝမ်းကျောင်းပညာသင်တန်းကို လာမည့် သြဂုတ်လ ၇ ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ရေးချောင်းဖျားဒေသရှိ ညီစားစခန်းတွင် ၃ လတာ သင်ကြားပေးသွားမည်ဖြစ်သည်။

အသက်မွေးဝမ်းကျောင်းပညာသင်တန်း အပတ်စဥ်-၃ အတွက် လျှောက်လွှာကို အွန်လိုင်းမှတဆင့် လျှောက်လိုပါက ဇွန်လ ၂၁ ရက်နေ့မှ စတင်လျှောက်ထားနိုင်ကြောင်း၊ လျှောက်လွှာဖြင့် လျှောက်လိုသူများအနေဖြင့် ရေးချောင်းဖျားရှိ ညီဆားပညာရေးဌာနရုံး၊ မော်လမြိုင်ပညာရေးဌာနရုံးနှင့် ရေးမြို့ မွန်ပြည်သစ်ပါတီဆက်ဆံရေးရုံးတို့တွင် ဇွန်လ ၃၀ ရက်နေ့မှစပြီး လျှောက်လွှာထုတ်ပေးသွားဖြစ်သည်။

“ဒီအပတ်စဥ်အတွက်ကို ၂၅ ယာက်လက်ခံသွားမယ်လို့ မှန်းထားတာပေါ့လေ။ ဒါပေမဲ့လည်း ပိုရင်လည်း နည်းနည်းပိုမယ်။ လျော့ရင်လည်း နည်းနည်းလျော့မယ်ပေါ့။ မှန်းထားတာ ၂၅ ယောက်ပါ” ဟု အသက်မွေးဝမ်းကျောင်းပညာသင်တန်းမှ တာဝန်ရှိသူ ဆရာမတစ်ဦးက ဆိုသည်။

၎င်းပြင် လျှောက်ထားသူများသည် အသက်မွေးဝမ်းကျောင်းပညာကို အမှန်တကယ် စိတ်ဝင်စားသူဖြစ်ပြီး သင်တန်းပြီးမြောက်သွားပါက လုပ်ငန်းခွင်အတွင်း ဝင်ရောက်လုပ်ကိုင်ရန် လိုအပ်ကြောင်း ဆိုသည်၊

“ပြီးခဲ့တဲ့ ဒုတိယအခေါက် သင်တန်းနဲ့ အခုတတိယအခေါက်သင်တန်းက အချိန်နည်းနည်းကြာသွာတယ်၊ ကျွန်မတို့မှာ ပြင်ဆင်စရာလေးတွေရှိတာရယ်၊ အလှူရှင်တွေလည်း သူတို့ဘက်ကို စောင့်ပေးနေရတော့ ကြာသွားတယ်” ဟု အထက်ပါဆရာမက ဆိုသည်။

အသက်မွေးဝမ်းကျောင်းပညာသင်တန်းတွင် ဆံပင်နှင့် မိတ်ကပ်၊ စက်ချုပ်၊ စက်ပြင်ဆိုပြီး အမျိုးအစား ၃ မျိုးရှိကြောင်း၊ သင်တန်းပြီးလျှင် လုပ်ငန်းခွင်ဝင်ရောက်နိုင်ရေး သက်ဆိုင်ရာ လုပ်ငန်းခွင်တို့နှင့် ချိတ်ဆက်ပေးသည်ဟု သိရသည်။

အသက်မွေးဝမ်းကျောင်းပညာသင်တန်းကို ကျောင်းတစ်ဝက်တပြတ် နားထားရသည့် မွန်လူငယ်များ လုပ်ငန်းခွင်အတွင်း ဝင်ရောက်နိုင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်ရည်ရွယ်ကာ မွန်အမျိုးသားပညာရေးဌာနမှ ဦးဆောင်ပြီး၊ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လက သင်တန်း အပတ်စဥ်-၁ ကို စတင်ဖွင့်လှစ်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts