Tuesday, March 10, 2026
More
    spot_img
    Homeသတင်းခလယ်-တံခွန်တိုင်ရွာတွင် လက်နက်ကြီးကျည်ကျကွဲပြီး အရပ်သား ၃ ဦး ဒဏ်ရာရ

    ခလယ်-တံခွန်တိုင်ရွာတွင် လက်နက်ကြီးကျည်ကျကွဲပြီး အရပ်သား ၃ ဦး ဒဏ်ရာရ

    -

    ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင်ကျေးရွာအတွင်း စစ်ကောင်စီ အမြှောက်တပ် (၃၁၈) မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

    မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာအခြေစိုက် အမြှောက်တပ် (၃၁၈) မှ ဇွန်လ ၁၉ ရက်နေ့ ညနေပိုင်းအချိန်ခန့်က ၁၂၀ မမ လက်နက်ကြီးဖြင့် တံခွန်တိုင်ကျေးရွာဘက် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ကေအဲန်ယူ ဒူးပလာယာခရိုင်က ထုတ်ပြန်ထားသည်။

    စစ်ကောင်စီအမြှောက်တပ်မှ ပစ်ခတ်လိုက်သည့်လက်နက်ကြီးကျည်သည် တံခွန်တိုင်ကျေးရွာထဲ ကျရောက်ပေါက်ကွဲပြီး အသက် ၁၆ နှစ်အရွယ် မိုးဒီနှင့် အသက် ၁၈ နှစ်အရွယ် လူပုဆိုသည့် အရပ်သား ၂ ဦး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်။

    ယင်းနေ့ ညနေ ၇ နာရီခွဲအချိန်တွင်လည်း အမြှောက်တပ် (၃၁၈) မှ ၁၂၀ မမ လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ခဲ့ပြီး လက်နက်ကြီးကျကွဲမှုကြောင့် တံခွန်တိုင်ကျေးရွာအုပ်စု ပူးလိန်ကျေးရွာနေ အသက် ၁၆ နှစ်အရွယ် ဝင်းထွန်းပိုင် ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်။

    ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့ကလည်း အမြှောက်တပ် (၃၁၈) မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် တံခွန်တိုင်ကျေးရွာ အမှတ် (၁) ရပ်ကွက်က နေအိမ်တစ်လုံး ထိခိုက် ပျက်စီးသွားခဲ့ပြီး အိမ်စီးကားတစ်စီးလည်း ကျည်စထိမှန်ခဲ့သေးသည်။

    မုဒုံမြို့နယ်၊ အဘစ်ကျေးရွာအခြေစိုက် အမြှောက်တပ် (၃၁၈) မှ ခလယ်တံခွန်တိုင်ကျေးရွာဘက်နှင့် တောင်ညိုတောင်တန်း ကျိုက်ကမော့ဧရိယာဘက်သို့ လက်နက်ကြီးဖြင့် ပစ်မှတ်ချိန်ရွယ်ထားကြောင်း သတင်းထွက်ပေါ်နေသည်။

    စစ်ကောင်စီ အမြှောက်တပ် (၃၁၈) ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇွန်လ ၁၇ ရက်နေ့အထိ တံခွန်တိုင်ကျေးရွာအုပ်စုအတွင်း အရပ်သားပြည်သူ ၃ ဦး သေဆုံးခဲ့ရပြီး နေအိမ် ၅ လုံးထက်မနည်းလည်း ထိခိုက်ပျက်စီးသွားခဲ့ကြောင်း ကေအဲန်ယူ ဒူးပလာယာခရိုင်က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks