Homeသတင်းစစ်ပြေးဒုက္ခသည်များအရေး အားပေးကူးညီကြဖို့ UNHCR တောင်းဆို

စစ်ပြေးဒုက္ခသည်များအရေး အားပေးကူးညီကြဖို့ UNHCR တောင်းဆို

-

ဇွန်လ ၂၀ ရက်၊ မနေ့က ကျရောက်သည့် အပြည်ည်ဆိုင်ရာဒုက္ခသည်များနေ့ (International Refugee Day) တွင် စစ်ပြေးဒုက္ခသည်များအတွက် လိုအပ်သည့် အကူးအညီနှင့် အားပေးမှုတွေ ကို ဆောင်ရွက်ပေးကြဖို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ (UNHCR) က တောင်းဆိုလိုက်ကြောင်း သိရသည်။

လက်ရှိကမ္ဘာတဝှမ်းတွင် ဒုက္ခသည်ဦးရေ (၁၁၇) သန်းခန့်ရှိတဲ့အနက် စစ်ပြေးဒုက္ခသည် (၃၅) သန်းခန့်ရှိရာ ၎င်းတို့အတွက် အကူးအညီနှင့် တရားဥပဒေကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ လိုအပ်လျက်ရှိသည်ဟု ဆိုသည်။

ဒီ (၂) နှစ်တာကာလအတွင်းမှာ ဒုက္ခသည်ဦးရေ သိသိသာသာ တိုးပွားလာနေပြီး ရုရှားစစ်တပ် ဝင်ရောက်ဆင်နွှဲလိုက်သည့် ယူကရိန်းစစ်ပွဲကြောင့် ပြည်သူလူထု (၇) သန်းခန့် ဥရောပ သမဂ္ဂနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

အလားတူ အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်စစ်တပ်တွေ မြို့ကြီးသိမ်းပြီးနောက်ပိုင်းမှာ စစ်ပြေးဒုက္ခသည် (၃) သန်းခန့် ပြည်ပနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့်အပြင် ဆူဒန် နိုင်ငံပဋိပက္ခတွင်လည်း ဒုက္ခသည်နှင့် စစ်ပြေးရှောင်တွေ ရှိခဲ့သည်ဟု ဆိုသည်။

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ (UNHCR) ရဲ့ စာရင်းအရ လက်ရှိမြန်မာနိုင်ငံမှာ စစ်ပြေးဒုက္ခသည် (၁၁) သိန်းကျော်ရှိနေပြီး အများစုကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်နေရသည့် ရိုဟင်ဂျာများဖြစ်သည်။

စစ်ပြေးဒုက္ခသည်အများစုသည် တခါတရံ စစ်ပဋိပက္ခတွေဖြစ်လို့ အသက်အန္တရာယ်စိုးရိမ်မှု ကြောင့်သာ ထွက်ပြေးတိမ်းရှောင်နေရတာမဟုတ်ဘဲ မြန်မာစစ်တပ်၊ တော်လှန်ရေးတပ်နှင့် လက်နက်ကိုင်အုပ်စုတို့ ညှင်းပန်းနှိပ်စက်ခြိမ်းချောက်မှုတွေကြောင့်လည်း ထွက်ပြေးတိမ်းရှောင်ရတဲ့သူတွေရှိသည်ဟု ဆိုသည်။

ယခုနှစ် အပြည်ည်ဆိုင်ရာဒုက္ခသည်များနေ့ဆောင်ပုဒ်ကတော့ “အိမ်မှမျှော်လင့်ချက်” (Home away from home) ဟု အမည်ပေးထားပြီး ဒုက္ခသည်များကို လက်ခံသည့်နိုင်ငံများအနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းများ၊ တရားဥပဒေကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ ကူညီပေးကြပါ ရန် ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ (UNHCR) က တောင်းဆိုခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts