spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းကျိုက်ထို ကင်မွန်းချောင်နယ်မြေရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ

    ကျိုက်ထို ကင်မွန်းချောင်နယ်မြေရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်‌ခြေရှိ ကင်မွန်းချောင်းနယ်‌မြေရဲစခန်း ဇွန်လ ၁၉ ရက်နေ့ ညနေပိုင်းက ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

    ယမန်နေ့ ညနေ ၄ နာရီဝန်းကျင်အချိန်ခန့်က ကင်မွန်းချောင်းရဲစခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့တို့က ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံး ပစ်ချတိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က ထုတ်ပြန်ထားသည်။

    ရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် လူထိခိုက်မှုရှိသည့်အပြင် စခန်းအဆောက်အဦးလည်း အများအပြားထိခိုက်ပျက်စီးသွားကြောင်း ရဲတပ်ဖွဲ့မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    “စခန်းထဲ တည့်တည့်ကျလာတာဆိုတော့ ထိခိုက်ဒဏ်ရာတာတော့ရှိတယ်။ သေဆုံးတာတော့ မရှိဘူး။ အဆောက်အဦးတွေ တော်တော်ပျက်စီးသွားတယ်” ဟု ဆိုသည်။

    ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ရဲစခန်းဘက်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်မှု ပြုလုပ်ခဲ့သေးကြောင်း ဒေသခံတို့ထံမှ သိရသည်။

    “ရဲစခန်းဘက်မှာ ပေါက်ကွဲသံတွေ ဆက်တိုက်ကြားတယ်။ ပြီးတာနဲ့ ချက်ချင်းပဲ သူတို့ဘက်က လက်နက်ငယ်တွေရော လက်နက်ကြီးတွေနဲ့ပါ ပြန်ပစ်တော့တာပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

    အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းစခန်းရှိ စျေးဆိုင်များပိတ်ပြီး လမ်းတွင်လည်း လူအသွားအလာမရှိဖြစ်သွားကြောင်း ၎င်းက ဆက်ပြောသည်။

    ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း ကင်မွန်းချောင်းနယ်မြေရဲစခန်းကို ကျိုက်ထိုပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့က ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

    ကျိုက်ထီးရိုးဘုရားတောင်ခြေရှိ ကင်မွန်းချောင်းနယ်မြေရဲစခန်းကို ဒေသတွင်း လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က မကြာခဏ လာရောက် ပစ်ခတ်တိုက်ခိုက်လေ့ရှိကြောင်းလည်း ဒေသခံတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks