Saturday, March 28, 2026
More
    spot_img
    Homeသတင်းထိုင်းအစိုးရ စီစဉ်တဲ့ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲ ပြစ်တင်ဝေဖန်ခံရ

    ထိုင်းအစိုးရ စီစဉ်တဲ့ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲ ပြစ်တင်ဝေဖန်ခံရ

    -

    မနေ့က ကျင်းပခဲ့တဲ့ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲတွင် မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်တွေကိုပါ ဖိတ်ကြားထားတဲ့အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ တက်ရောက်ဖို့ ငြင်းဆန်တဲ့အပြင် ပြစ်တင်ဝေဖန်တာတွေလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

    အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ပြီးခဲ့သည့်အစည်းဝေးဆုံးဖြတ်ချက်တွေအရ မြန်မာ့စစ်ကောင်စီအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်နေပါက အာဆီယံတာဝန်ကို အတူတကွ ဆက်လက်ထမ်းဆောင်ခွင့်မပြုဟုဆိုပေမဲ့ ထိုင်းအစိုးရသည် ဒီဆုံးဖြတ်ချက်ကို ချိုးဖောက်ပြီး မြန်မာ့စစ်ကောင်စီကို ဖိတ်ခေါ်ကာ အလွတ်သဘောဆွေးနွေးပြုလုပ်ခဲ့သည်။

    ထိုင်းအစိုးရသည် အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာနကို ဖိတ်ခေါ်ခဲ့ပေမယ့်လည်း (၃) နိုင်ငံသာ တက်ရောက်ပြီး အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနှင့် ဖိလစ်ပိုင်နိုင်ငံတို့က မတက်ရောက်ကြပေ။ လက်ရှိ အာဆီယံဥက္ကဌ အင်ဒိုနီးရှားနိုင်ငံကလည်း ထုတ်ပြန်ချက်နှင့်တကွ ကန့်ကွက်ရှုတ်ချခဲ့သည်။

    ဒီတွေ့ဆုံပွဲကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေသာ ဝေဖန်ပြောဆိုနေတာမဟုတ်ဘဲ ထိုင်း နိုင်ငံရေးသမားအများစုကလည်း ကန့်ကွက်ပြောဆိုကြသည်။ ယခုနှစ် ထိုင်းရွေးကောက်ပွဲတွင် မဲအနိုင်ရရှိခဲ့သည့် Move Forward Party ခေါင်းဆောင်ကလည်း ထိုင်းအိမ်စောင့်အစိုးရအနေဖြင့် နိုင်ငံတကာ ဆက်ဆံရေးကို ဖျက်ဆီးရာရောက်တဲ့ ဒီလိုလုပ်ရပ်မျိုး မလုပ်သင့်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။

    လက်ရှိထိုင်းဝန်ကြီးချုပ် ပရာယွတ်ဂျာန်အိုချာကတော့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာမည့် ဖြစ်စဉ်အားလုံးသည် ထိုင်းနိုင်ငံလုံခြုံရေးနှင့် ပတ်သက်နေသည့်အတွက်ကြောင့် ထိုင်းအနေဖြင့် မြန်မာနှင့် ဆက်ဆံနေရသည်ဟု ဆိုသည်။ ဒါ့အပြင် ထိုင်းနိုင်ငံသည် မြန်မာက သဘာဝဓာတ်ငွေ့တွေကို ဝယ်ယူပြီး မှီခိုနေရကြောင်းလည်း ပြောဆိုခဲ့သည်။

    ထိုင်းနိုင်ငံ ပတ္တရားမြို့တွင် ကျင်းပခဲ့သည့် မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲကို ယခုကဲ့သို့ မပြုလုပ်သင့်ကြောင်းလည်း အခြားသော ထိုင်းနိုင်ငံရေးသမားတွေက ပြစ်တင်ဝေဖန် ပြောဆိုနေကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks