spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းငြိမ်းချမ်းရေးလိုချင်လျှင် စစ်အတွက်ပြင်ဆင်ထားရမည်ဟု မွန်ပြည်ကာကွယ်ရေးတပ်ပြော

    ငြိမ်းချမ်းရေးလိုချင်လျှင် စစ်အတွက်ပြင်ဆင်ထားရမည်ဟု မွန်ပြည်ကာကွယ်ရေးတပ်ပြော

    -

    ကိုယ့်ပြည်နယ်ကို ကာကွယ်နိုင်ရန်နှင့် ငြိမ်းချမ်းစွာ နေထိုင်နိုင်ရန်အတွက် စစ်ရေးကိုလည်း ပြင်ဆင်ထားရန် လိုအပ်ကြောင်း မွန်ပြည်ကာကွယ်ရေးတပ် (MSDF) က ပြောဆိုခဲ့သည်။

    ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇွန်လဆန်းက မွန်ကာကွယ်ရေးတပ် (MSDF) နှင့် မွန်ရဟန်းသံဃာတော်များ၊ မွန်လူမျိုးများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

    “မွန်ပြည်သစ်နဲ့ စစ်ကောင်စီတို့အကြား လက်နက်ကိုင် တိုက်ပွဲမဖြစ်အောင် ထိန်းထားနိုင်ရင် မွန်ပြည်နယ်က ငြိမ်းချမ်းနေမှာပါလို့ပြောထားတာမျိုးလဲ ရှိတယ်။ ဒီအပေါ်မှာ မွန်လူငယ်ထုတွေရဲ့ အမြင်လည်း ဝေဝါးသွားစေတဲ့ သဘောဖြစ်သွားတာပေါ့ အမှန်မှာက စစ်မီးဆိုတာ တောမီးနဲ့တူတယ်။ အခြားပြည်နယ်နဲ့ တိုင်းတွေမှာ ဖြစ်ပေါ်နေတဲ့ စစ်မီးက မွန်ပြည်နယ်ကို အချိန်မရွေး ကူးစက်လာနိုင်တာပဲ။ ဒါကြောင့်မို့  ၂၀၂၃ အစပိုင်းမှာတင် မွန်ပြည်သစ်က မတိုက်ပေမဲ့ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးနဲ့ ရေးမြို့နယ်တချို့မှာ စစ်မီးဒဏ်ကို မွန်ပြည်နယ်သူ ပြည်နယ်သားတွေ ခါးစည်းခံခဲ့ရတယ်” ဟု ဆိုသည်။

    လက်ရှိ စစ်အာဏာရှင်တော်လှန်ရေးတွင် မွန်လူငယ်ထု တစ်ရပ်လုံး အပါအဝင် မွန်ပြည်နယ်သူ ပြည်နယ်သား အများအပြားဟာ နားလည်စ ပြုလာပြီဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးအတွက် စစ်ရေး၊ နိုင်ငံရေးများကိုလည်း ပြင်ဆင်ထားရမည်ဖြစ်ကြောင်း ပြောသည်။

    အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ၏ နိုင်ငံရေး၊ စစ်ရေး ဦးဆောင်ကော်မတီမှ ဥက္ကဌ Dr. သီရိမွန်ချမ်း၊ အတွင်းရေးမှူး နိုင်ရည်မွန်ဌေးနှင့် တွဲဘက်အတွင်းရေးမှူး နိုင်ကိုသူတို့ တက်ရောက်ခဲ့သည်။

    လက်ရှိ အခြေအနေအရ စစ်ရေး၊ နိုင်ငံရေး နှစ်ခုစလုံးကို အားဖြည့်ရန် လိုအပ်ကြောင်း မွန်လူငယ်တစ်ဦးက ပြောသည်။

    “အခု အခြေအနေမှာတော့ ခုနားက အကိုပြောသလိုပဲလေ၊ စစ်ရေး၊ နိုင်ငံရေး နှစ်ဖက်လုံးကို အားဖြည့်ပြီး‌တော့ မြင့်တင်ပေးရမယ့် သဘောပေါ့နော်၊ အခုလောလေဆယ် ကျနော်တို့ မွန်လက်နက်ကိုင်ပါတီကြီးကလည်း သူတို့က သိပ်မလုပ်သေးဘူးဆိုတော့ ကိုယ့်နယ်မြေ ပြန်ဖြစ်ဖို့အတွက်တော့ လုပ်သင့်တယ်ပေါ့နော်၊ အဲဒီလို မြင်တာပေါ့၊ အနည်းဆုံးတော့ ဖြစ်နိုင်ရင်တော့ ရေးမြို့နယ်ကို ပုံမှန် ထိန်းထားနိုင်ရင်တော့ ဒီအခြေအနေမှာ အသစ်တစ်ခုတော့ ရောက်မယ်လို့ မြင်တယ်” ဟု ပြောသည်။

    မွန်ကာကွယ်ရေးတပ် (MSDF) မူဝါဒနှင့် လုပ်ငန်းစဉ်များအပေါ် ယုံကြည်ထောက်ပံ့ရန် လမ်းကြောင်းဖွင့်ထားကြောင်း၊ အမျိုးသားရေးကို ဦးစားပေးသည့် အမျိုးသားရေးကိစ္စမို့ မွန်အမျိုးသားထု တစ်ရပ်လုံး ကျရာ အခန်းကဏ္ဍမှ ပါဝင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

    မွန်ကာကွယ်ရေးတပ် (MSDF) ကို တောင့်တင်းခိုင်မာသော မွန်အမျိုးသား လက်နက်ကိုင် တပ်ဖွဲ့ တစ်ခု ပေါ်ပေါက်လာရေးအတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့ လက်နက်ကိုင်တပ် အားကောင်းမှ မွန်အမျိုးသားတစ်ရပ်လုံး ကိုယ်စားပြုသည့် မွန်လက်နက်ကိုင်တပ်များ အင်အားကောင်းလာမှာ ဖြစ်ကြောင်း MSDF က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks