spot_img
Monday, February 23, 2026
More
    spot_img
    Homeသတင်းကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း

    ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း

    -

    ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (Karenni State Consultative Council (KSCC) ၏ နိုင်ငံရေးဦးဆောင်မှုနှင့် မူဝါဒလမ်းညွှန်ချက်များအတိုင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ-Interim Executive Council of Karenni State (IEC) ကို ဇွန်လ ၆ ရက်နေ့က ဖွဲ့စည်းလိုက်ကြောင်း ဇွန်လ ၁၂ ရက်နေ့က ထုတ်ပြန်ကြေညာသည်။

    စုပေါင်းခေါင်းဆောင်မှုများဖြင့် ကြားကာလပြည်နယ် အစိုးရတရပ်၏ အုပ်ချုပ်ရေးကို ဖော်ဆောင်သွားရန်၊ ဥပဒေပြုရေး အုပ်ချုပ်ရေး တရားစီရင်ရေးကဏ္ဍများ အပြန်အလှန်ထိန်းညှိပြီး ပြည်နယ်၏တည်ငြိမ်အေးချမ်းရေးကို ကြိုးပမ်းဖော်ဆောင်သွားရန်၊ ပြည်နယ်အတွင်းရှိ အင်အားစုအသီးသီးနှင့် လက်တွေ့ကျစွာ ပူးပေါင်းပါဝင်ဆောင်ရွက်သွားရန် ရည်ရွယ်ချက်တို့ဖြင့် IEC ကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း ကြေညာထားသည်။

    ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) သည် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်ရန် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရန်အပြင် လူထုများ၏ အဓိကလိုအပ်များဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ စားနပ်ရိက္ခာနှင့် အခြေခံလိုအပ်ချက်တို့ကို ဖြည့်ဆည်းနိုင်ရန်ဖြစ်သည်။

    IEC သည် ရေတို၊ ရေရှည် အစီအမံများချမှတ်လျှက် တော်လှန်ရေးအင်အားစုများကို ဆက်လက်စုစည်းသွားပြီး ပြည်သူလူထုအား အကာအကွယ်ပေးနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ပြီး၊ လူထုဝန်ဆောင်မှုလုပ်ငန်းများ ချိတ်ဆက်ဖော်ဆောင်ခြင်းနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သော ရဲဌာန၊ အကျဉ်းထောင်တို့ကိုလည်း စနစ်တကျ စီမံခန့်ခွဲကာ နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်သည်ဟုလည်း ထုတ်ပြန်ပါရှိသည်။

    IEC အနေဖြင့် ပြည်တွင်း ၊ ပြည်ပအင်အားစုများနှင့် ချိတ်ဆက်လုပ်ဆောင်သွားမည့်အပြင် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ကြိုးပမ်း ဆောင်ရွက်နေသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နှင့်လည်း အတူလက်တွဲသွားမည် ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

    IEC ကို ဥက္ကဌ ခူဦးရယ်၊ ဒု-ဥက္ကဌ ခွန်းဘီထူး၊ အထွေထွေအတွင်းရေးမှူး ခူပလုရယ်၊ အတွင်းရေးမှူး (၁) ဇူးပဒုမ္မာ၊ အတွင်းရေးမှူး(၂) ဗညားခွန်အောင်၊ ဘဏ္ဍာရေးမှူး မော်ဖိုးမြာ စသည့် ကောင်စီအဖွဲ့ဝင် ၆ ဦးဖြင့် ကနဦး ဖွဲ့စည်းဦးဆောင်သွားမည်ဖြစ်ပြီး ပြည်နယ်ရေးရာဌာန အနည်းဆုံး (၁၂) ဌာနထားရှိသွားရန် ရည်မှန်းထားသည်ဟု ကြေညာထားသည်။

    IEC သည် ပြည်နယ်အတွင်းနှင့် ပြည်ထောင်စုအတွင်း နိုင်ငံရေးစနစ်သစ်သို့ အသွင်ကူးပြောင်းသွားနိုင်ရန် ပြည်ထောင်စုတစ်ဝှမ်းရှိ အင်အားစုအားလုံးတို့နှင့်အတူ အစွမ်းကုန်လက်တွဲကြိုးစားသွားမည်ဖြစ်ပြီး မိမိတို့ ကိုယ်ပိုင်ပြဌာန်းခွင့်ဖြင့် ကရင်နီပြည်အစိုးရသစ်ပေါ်ပေါက်လာသည့်အချိန်ကာလတွင် ကြားကာလအုပ်ချုပ်ရေးကောင်စီအား သတ်မှတ်ပြဌာန်းထားသော ကာလသက်တမ်းနှင့်အညီ ရုတ်သိမ်းသွားမည်ဟု ကြေညာထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks